ပိုချက်တီနို

April 10, 2019

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမည်

ဒဏ်ရာက ပြန်လည်သက်သာလာကစ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်လာခဲ့ပေမယ့် ပွဲအတွင်း ဒဏ်ရာထပ်ရသွားလို့ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ပွဲကစားချိန်အတွင်း မန်စီးတီးကစားသမား အော့တာမန်ဒီ၊ ဖာနန်ဒင်ဟိုတို့နဲ့ ထိခိုက်မိခဲ့သလို နောက်ဆုံးမှာ ဖေဘီယန်ဒက်ဖ်နဲ့ ထိခိုက်မိခဲ့လို့ လူစားလဲခဲ့ရပါတယ်။ ပိုချက်တီနိုကတော့ ဟယ်ရီကိန်း ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ဒက်ဖ်အနေနဲ့ အနီကတ်ပြခံရသင့်ကြောင်း ပြောကြားခဲ့ပြီး နာကျင်ရတဲ့ ကိစ္စတခုဖြစ်တယ်လို့ ဆိုပါတယ်။ ပိုချက်တီနိုအနေနဲ့ ဟယ်ရီကိန်း ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာကို စိုးရိမ်ပူပန်နေပြီး မကြာခင်မှာ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။
3 years Ago

February 25, 2019

ဒိုင်လူကြီးကို အော်ဟစ်ပြောဆိုခဲ့သည့် စပါးနည်းပြ ပိုချက်တီနို အရေးယူခံရဖွယ်ရှိ

စပါးနည်းပြ ပိုချက်တီနိုဟာ ​​ဘန်​​လေအသင်းကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီးကို အော်ဟစ်ပြောဆိုခဲ့လို့ အရေးယူခံရဖို့ ရှိနေပါတယ်​။ စပါးအသင်းက ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းအနေနဲ့ စပါးအသင်းကို နစ်နာစေမယ့် ဆုံးဖြတ်ချက်နှစ်ခု ချမှတ်သွားခဲ့တယ်​လို့ ဆိုပါတယ်​။ ​ပထမတချက်ကတော့ ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ် သွင်းယူသွားတဲ့ ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ်ရာ ပေးခဲ့တဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူသွားတာဖြစ်ပြီး ဒန်နီရို့စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဘာ့ဒ်စလေကို ထုတ်ပယ်ခြင်း မပြုခဲ့တာကလည်း ပိုချက်​တီနိုကို ​ဒေါသထွက်​​စေခဲ့တယ်​လို့ သိရပါတယ်။ ဒိုင်လူကြီးကို ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး အက်ဖ်အေဆီက ဖြစ်နိုင်တာမှန်သမျှ လက်ခံသွားဖို့ တွေးထားကြောင်းနဲ့ ကွင်းထဲမှာ ဖြစ်ခဲ့တဲ့အတွက် နောက်ထပ် ဘာမှဖြစ်မလာဖို့ မျှော်လင့်ကြောင်း ပွဲအပြီးမှာ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုအနေနဲ့ ကွင်းလယ်ဒိုင် မိုက်ဒိန်းကို အော်ဟစ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူခံရဖို့ မျှော်လင့်မထားပေမယ့် မိုက်ဒိန်းကတော့ ပွဲပြီးအစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
3 years Ago
More News
Up