ပိုက်ကျော်ခြင်း

May 22, 2017

ဆီးဂိမ်းအကြို ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ၂ ခုရ

မေလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းအကြို ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာပိုက်ကျော်ခြင်းအဖွဲ့က ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ် ၁ ခု ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင် မလေးရှားအသင်းက (က) နဲ့ (ခ) နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ကစာသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ မြန်မာပိုက်ကျော်ခြင်းအဖွဲ့အတွက် ရွှေတံဆိပ်ဆုတွေကို အမျိုးသား ၄ ယောက်တွဲပြိုင်ပွဲနဲ့ အမျိုးသမီး ၂ ယောက်တွဲ ပြိုင်ပွဲတွေမှာ ရယူနိုင်ခဲ့ပါတယ်။ ငွေတံဆိပ် ၁ ခုကို အမျိုးသမီး ၄ ယောက်တွဲ ပြိုင်ပွဲကနေ ရရှိခဲ့ပြီး ကြေးတံဆိပ်ဆု ၁ ခုကိုတော့ အမျိုးသား ၂ ယောက်တွဲ ပြိုင်ပွဲကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ ၄ ယောက်တွဲပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမှာ ဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာလည်း ၄ ယောက်တွဲပြိုင်ပွဲကို စတင်ထည့်သွင်း ကျင်းပခဲ့တာပါ။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား ၄ မျိုး ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး မြန်မာအားကစားအဖွဲ့ ၄ မျိုးစလုံးမှာ ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တာပါ။ လာမယ့်သြဂုတ်လအတွင်းမှာ စတင်မယ့် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း အားကစားကနေ ရွှေတံဆိပ် ၆ ခု ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို အဓိကထားပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up