ပုသိမ်သပိတ်စစ်ကြောင်း

March 2, 2021

ပုသိမ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ သောင်းချီသပိတ်စစ်​ကြောင်း ထပ်မံဆန္ဒပြ

ပုသိမ်မြို့မှာ မတ်လ ၂ ရက်နေ့ မနက်ပိုင်းက ကွမ်းခြံဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပေမယ့် မိနစ်ပိုင်းအကြားမှာပဲ ပုသိမ်မြို့ရဲ့ မြစ်ဝကျွန်းပေါ်သပိတ်စစ်ကြောင်းနဲ့အတူ သောင်းနဲ့ချီတဲ့ ပြည်သူတွေက လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြတာပါ။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးခံရသူတွေထဲက ၁၃ ဦးကိုတော့ မတ်လ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး သတင်းထောက် ၁ ဦးနဲ့ ပြည်သူ ၁ ဦးကိုတော့ အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကစတင်ကာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာတွေကို ပုသိမ်မြို့မှာ ပြုလုပ်လာခဲ့တာဖြစ်ပြီး အကြမ်းဖက် ဖြိုခွင်းခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိပေမယ့် ဆက်လက်ဆန္ဒပြနေကြပါတယ်။

မင်းထက်မုန်း

2 years Ago
Up