ပုသိမ်လေယာဉ်ကွင်း

May 22, 2021

ပုသိမ်လေယာဉ်ကွင်းဘေး ဗုံးပေါက်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မေ ၂၂ ရက် နေ့လယ်က အာဏာသိမ်းစစ်ကောင်စီတပ် လုံခြုံယူထားတဲ့ လေယာဉ်ကွင်းဘေး  ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပုသိမ် - ရန်ကုန်ကားလမ်းမကြီးဘေးက လေယာဉ်ကွင်းနားမှာ နေ့လယ် ၂ နာရီကျော်လောက်က ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ ဒီနေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခုပေါက်ကွဲမှုဟာ ဒုတိယအကြိမ်ဖြစ်တာပါ။

ဧရာဝတီတိုင်းမှာ မေလထဲ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

7 months Ago
Up