ပုသိမ်လူငယ်များ

March 23, 2021

ပုသိမ်လူငယ်များပူးပေါင်းပြီး စစ်အာဏာရှင်ကို အသံတိတ် ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မြို့ခံလူငယ်တွေ ပူးပေါင်းပြီး လူမဲ့အသံတိတ် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၁၄ ရက်နေ့ညပိုင်းက အကြမ်းဖက်စစ်တပ်နဲ့ရဲက ညသပိတ်ပြုလုပ် ဆန္ဒပြသူတွေကို ရပ်ကွက်တွေထဲထိ ကျည်အစစ်နဲ့လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူ ၂ ဦးထိရှိခဲ့ပေမယ့် နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို ဆက်လက် ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

ညပိုင်းမှာ ရပ်ကွက်တွေထဲ ဖရောင်းတိုင်မီးထွန်းပြီး ညသပိတ်ပြုလုပ်ဆန္ဒပြသလို နေခင်းပိုင်းမှာလည်း မြို့ပေါ်လူစည်ကားတဲ့ နေရာတွေမှာ ပြောက်ကျားစနစ်နဲ့ စစ်ကြောင်းခွဲကာ ဆန္ဒပြတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CJ

9 months Ago
Up