ပုသိမ်ရဲစခန်းတွင် တရားခံ ၃ ဦး အချုပ်ခန်းဖောက်ထွက်ပြေး

November 11, 2019

ပုသိမ်ရဲစခန်းတွင် တရားခံ ၃ ဦး အချုပ်ခန်းဖောက်ထွက်ပြေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှာ အချုပ်ကျနေတဲ့ တရားခံ ၃ ဦး မနေ့က အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးသွားပါတယ်။ နိုဝင်ဘာ ၁၀ ရက် မနက် ၂ နာရီလောက်က ခိုးမှုနဲ့ ဖမ်းဆီးထားတဲ့ အချုပ်တရားခံ နောင်နောင်၊ ဇော်ဇော်လှိုင်(ခ)မိုးကြီးသားနဲ့ ရဲဇော်တို့ ၃ ဦးဟာ အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးသွားတာပါ။ ထွက်ပြေးသွားသူတွေကို ရဲတပ်ဖွဲ့က ချက်ခြင်းလိုက်လံဖမ်းဆီးစဉ် အချုပ်တရားခံ နောင်နောင်နဲ့ ဇော်ဇော်လှိုင်(ခ)မိုးကြီးသားတို့ကို ပြန်လည် ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။  တရားခံ ရဲဇော်ကိုတော့ ဖမ်းမမိသေးဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက်  မိမိအနီးပတ်ဝန်ကျင်မှာ တွေ့ရှိပါက ပုသိမ်နယ်မြေရဲစခန်းဖုန်း ၀၄၂ - ၂၅၈၁၄ နဲ့  တိုင်းရဲတပ်ဖွဲ့ဖုန်း ၀၄၂ - ၂၁၀၃၀ သို့ ဆက်သွယ် အကြောင်းကြားပေးကြဖို့ ပုသိမ်မြို့ နယ်မြေရဲစခန်းက ပြည်သူတွေကို အကူအညီတောင်းခံထားပါတယ်။ 
3 years Ago
Up