ပုသိမ်ထီးသပိတ်

March 25, 2021

ပုသိမ်မြို့တွင် အကြမ်းဖက်စစ်အုပ်စုကို ပုသိမ်ထီးသပိတ်ပြုလုပ်ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၅ ရက်က အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ ပုသိမ်ထီးသပိတ်ပြုလုပ်ဆန္ဒပြခဲ့ပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်နဲ့ရဲက ညသပိတ်ပြုလုပ် ဆန္ဒပြသူတွေကို ရပ်ကွက်တွေထဲထိ ကျည်အစစ်နဲ့လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူ ၂ ဦးထိရှိခဲ့ပေမယ့် မြို့ခံပြည်သူတွေက ညသပိတ်နဲ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၇ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၇ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦးရှိပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 months Ago
Up