ပုသိမ်ကြီးမြို့နယ် မြေစာရင်းရုံး

October 22, 2021

ပုသိမ်ကြီးမြို့နယ် မြေစာရင်းရုံးနှင့် လဝကရုံး အနီး ဗုံးပေါက်ကွဲ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းအောင်ရပ်ကွက် ပုသိမ်ကြီး ရေမြောင်းအရှေ့ဘက်လမ်းရှိ မြို့နယ် မြေစာရင်းရုံးနဲ့ လဝကရုံးအနီးမှာ အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်တာဟာ အမှိုက်ကန်ဘေးမှာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပုသိမ်ကြီးမြို့မှာ နေထိုင်သူတစ်ဦးက “လက်လုပ်မိုင်းကွဲတာ။ ကွဲတာက အမှိုက်ကန်နားမှာ။ မြေစာရင်းရုံးတို့ လဝကရုံးတို့က ကွဲတဲ့နေရာနဲ့နီးတယ်။ ထိခိုက်ဒဏ်ရာရတာကိုတော့ မကြားမိဘူး” လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောငါစီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး ပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။

3 months Ago
Up