ပုသိမ်ကြီးမြို့နယ်

October 4, 2021

ပုသိမ်ကြီးမြို့နယ်တွင် မိုင်တဲတာဝါတိုင် ၁ တိုင် ဖောက်ခွဲ ဖျက်ဆီးခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ရွာအနီးက စစ်တပ်ပိုင် မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင် တတိုင်  အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီလောက်က ဖောက်ခွဲ ဖျက်ဆီးခံရပါတယ်။

အဆိုပါ မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင်ကို ဖောက်ခွဲတာဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ ကျောထောက်နောက်ခံတွေနဲ့ စစ်ကောင်စီတပ်တွေကို သတင်းပေးနေတဲ့သူတွေကို ဆက်လက်ရှင်းလင်းသွားဖို့ ရှိတယ်လို့ PAFD  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

3 weeks Ago

September 30, 2021

ပုသိမ်ကြီးမြို့နယ်၌ ဂျင်ဝိုင်းကို စစ်တပ်က ဝင်ရောက် ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးသေဆုံး

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနဲ့ ၆ မိုင်လောက်အကွာက  သရက်ခြံကို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီက PDF အဖွဲ့ဝင် ရှိတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီနင်းခဲ့ရာ ဂျင်ဝိုင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဂျင်ဝိုင်းက လူတွေက ပြန်ခုခံတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ရဲမှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုကြောင့် ထွက်ပြေးသွားသူတွေရှိပြီး လေးကောင်ဂျင် လောင်းကစား လုပ်တဲ့ ပစ္စည်းတွေနဲ့အတူ လူ ၁၂ ယောက် ဖမ်းဆီးရမိခဲ့ကာ အမှုဖွင့် အရေးယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။

3 weeks Ago
More News
Up