ပုသိမ်ကြီးမြို့

October 18, 2021

ပုသိမ်ကြီးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်လုပ်မိုင်းဖြင့် ပစ်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့၊ စည်သာယာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲလောက်က  လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ပုသိမ်ကြီးမြို့နေ ပြည်သူတစ်ဦးက “အုပ်ချုပ်ရေးမှူးရုံးနဲ့ အိမ်နဲ့က မဝေးတော့ ဗုံးပေါက်သံကို ကောင်းကောင်းကြားလိုက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်ပါးစေ စည်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပုသိမ်ကြီးမြို့ တော်လှန်ရေးအင်အားစုနဲ့ မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဗုံးခွဲသတိပေးတာလို့ ထုတ်ပြန်ထားပါတယ်။

3 months Ago
Up