ပုသိမ်ကြီး

October 28, 2021

ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာ ရာအိမ်မှူး ပစ်သတ်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ ရာအိမ်မှူး အောက်တိုဘာ ၂၈ ရက် ဒီမနက် ၉ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရခဲ့ရပါတယ်။

အသက် ၅၉ နှစ်အရွယ် ရာအိမ်မှူး ဦးကြည်အောင်ဟာ ပုသိမ်ကြီးမြို့မဈေး ကနေ ဈေးဝယ်ပြီးအပြန် ပုသိမ်ကြီး - ရေထွက်သွား ကားလမ်းမှာ ခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။

“သူက လက်ရှိကျေးရွာ ရာအိမ်မှူးလည်းဖြစ်တယ်။ စစ်ကောင်စီ သတင်းပေးလုပ်နေတယ်လို့ သိရတယ်။ ဘေးကနေ အနီးကပ် ဆိုင်ကယ်နဲ့ ကပ်ပစ်သွားတာတဲ့။ အပစ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။” လို့ ပုသိမ်ကြီးမြို့နေ ပြည်သူတစ်ဦး က ပြောပါတယ်။

ရာအိမ်မှူး ဦးကြည်အောင်ကို ပုသိမ်ကြီးမြို့တော်လှန်ရေးအင်အားစု (Patheingyi Revolution Force-PRF)နဲ့  မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ (Urban Guerrilla Special Force-UGSF) တို့က ပူးပေါင်း ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

1 month Ago

October 2, 2021

ပုသိမ်ကြီးမြို့နယ် မြေစာရင်းရုံး လက်လုပ်ဗုံး ပစ်ခံရ

မန္တလေးခရိုင်  ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းအောင်ရပ်ကွက်မှာရှိတဲ့ မြို့နယ်မြေစာရင်းရုံးကို အောက်တိုဘာ ၁ ရက် ည ၈ နာရီအချိန်ခန့်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ် ဒေသခံတွေဆီက သိရပါတယ်။

လက်လုပ်ဗုံးကို အမည်မသိလူတစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပစ်သွားတာဖြစ်ပြီး မြေစာရင်းရုံး အဆောက်အအုံနဲ့ ခြံစည်းရိုးကြား ကျရောက် ပေါက်ကွဲခံတယ်လို့ သိရပါတယ်။

“ညက ကွဲသံ နှစ်ချက်ကြားလိုက်ရတယ်။ ရဲစခန်းဘက်ကလည်း သေနတ်သံတွေ ရှစ်ချက် ကိုးချက် လောက်တော့ရှိတယ် ကြားရတယ်။ ကြည့်ရတာ ခြောက်လှန့်ပစ်တဲ့ သဘောပဲ။ အပြန်အလှန်ပစ်တာတော့မဟုတ်ဘူး” လို့ ပုသိမ်ကြီးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် လူ ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာမရှိဘူးလို့ သိရ ပါတယ်။

2 months Ago
More News
Up