ပုသိမ်နှင့် တမူးမြို့အနီးတွင် မြေငလျင်လှုပ်

June 20, 2018

ပုသိမ်နှင့် တမူးမြို့အနီးတွင် မြေငလျင်လှုပ်

မြန်မာနိုင်ငံ ပြည်တွင်းနဲ့ နယ်စပ်အနီးကို ဗဟိုပြုပြီး ဇွန် ၂၀ရက် တရက်ထဲမှာ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင် ၂ခု လှုပ်သွားတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ မွန်းလွဲ ၂နာရီ၁၄မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး မြန်မာ-အိန္ဒိယနယ်စပ် ပြည်ပမှာ ငလျင်တခု၊ ညနေ ၃နာရီခွဲလောက်က ပုသိမ်မြို့နားမှာ ပြည်တွင်းဗဟိုပြု ငလျင်တခုတို့ လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၀ရက် မြန်မာစံတော်ချိန် (၁၄)နာရီ (၁၄)မိနစ် (၂၅)စက္ကန့် အချိန်မှာ  တမူးမြေငလျင်စခန်းမရဲ့ မြောက်ဘက် (၃၈) မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်ပ (မြန်မာ-အိန္ဒိယနယ်စပ်)မှာ ဗဟိုပြုပြီး  အင်အား ရစ်ခ်ျတာစကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်သွားတယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၀ရက် မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၃၆)မိနစ်၊ (၃၃)စက္ကန့် အချိန်မှာလည်း ပုသိမ်မြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် ကွာဝေးတဲ့  မြန်မာပြည်တွင်း ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် လှုပ်ရှားသွားတာ တိုင်းထွာရရှိတယ်လို့ မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up