ပုသိမ်မြို့တွင် မီးပုံးပျံလွှတ်တင်ပွဲ ကျင်းပ

December 6, 2015

ပုသိမ်မြို့တွင် မီးပုံးပျံလွှတ်တင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၀၀ ဝန်းကျင် အကုန်အအကျခံပြီး တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲကို ပုသိမ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲကို ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၇ နာရီမှာ ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့က မီးပုံးပျံ ပညာရှင်တွေကို ငှားရမ်းပြီး စိန်နပန် မီးပုံးပျံနှစ်လုံး နဲ့ ညမီးကြီး မီးပုံးပျံတစ်လုံး နဲ့ အခြားမီးပုံးပျံ အသေးတွေကို လွှတ်တင်ကာ လာရောက်ကြည့်ရှုသူတွေကို ရှမ်းရိုးရာ အကတွေနဲ့ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ မီးပုံးပျံ သုံးလုံးရဲ့ ကုန်ကျစရိတ်က သိန်း ၈၀ ကျော်ရှိတယ်လို့ တောင်ကြီး မီးပုံးပျံလွှတ်တင်တဲ့ အဖွဲ့ ကပြောပါတယ်။ ပွဲစုစုပေါင်းကုန်ကျစရိတ်နဲ့ ဘာကြောင့်ကျင်းပတယ်ဆိုတာကို ဝန်ကြီးချုပ်ဦးသိန်းအောင် ကို မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲကို တိုင်းအစိုးရအဖွဲ့က ကျင်းပခဲ့တာ ဒီနှစ်နဲ့ဆိုရင် ၂ နှစ်ရှိပြီဖြစ်ပါတယ်။ ဓာတ်ပုံ - သော်ဇင်မျိုး  
7 years Ago
Up