ပုသိမ်

June 24, 2019

ပုသိမ်​တွင်​ ယာဉ်​လမ်းစည်းကမ်း လိုက်​နာ​ရန်​ ဆိုင်​ကယ်​စီးဦးထုပ်​များ အခမဲ့​ပေးဝေ

ဧရာဝတီတိုင်း​၊ ပုသိမ်​မြို့မှာ ယာဉ်​စည်းကမ်း၊ လမ်းစည်းကမ်း လိုက်​နာ​စေဖို့ အတွက်​ ဆိုင်​ကယ်​စီး ဦးထုပ်​အလုံး ၃၀၀ ကို ဇွန် ၂၄ ရက်​​နေ့ မနက်ပိုင်းက ​​တိုင်း​ဒေသကြီး အစိုးရအဖွဲ့က​နေ ဦး​ဆောင်​ပြီး ​​အခမဲ့ ​ဝေငှ​ပေးခဲ့ပါတယ်​။ ဆိုင်​ကယ်​စီး ဦးထုပ်​​တွေကို​တော့ ပုသိမ်​မြို့လယ်​ လမ်းမတ​ခုဖြစ်​တဲ့ မဟာဗန္ဓုလလမ်းက သာသနာ့ဗိမာန်​နားမှာ ​ဝေငှ​ပေးခဲ့ပြီး လာ​ရောက်​ယူ​ဆောင်​သူ​တွေ များပြားခဲ့တယ်​လို့ ပုသိမ်​မြို့ အမှတ်​ ၁၃ ယာဉ်​ထိန်းရဲတပ်​ဖွဲ့က​နေ သိရပါတယ်​။ "ဆိုင်​ကယ်​အက်​ဆီးဒင့်​​တွေကို ပြန်​ကြည့်​ရင်​ ဆိုင်​ကယ်​စီးဦးထုပ်​ မ​ဆောင်းလို့ဖြစ်​တဲ့ ဒဏ်​ရာရမှုက များပါတယ်​။ အဓိကက​တော့ ဆိုင်​ကယ်​စီးရင်​ ​ဦးထုပ်​​ဆောင်းဖို့ အသိနဲ့သတိထားပြီး ဆိုင်​ကယ်​​ပေါ်​ရောက်​ရင်​ ဦးထုပ်​​ဆောင်းရမယ်​လို့ တဦးချင်း တဦးချင်း အသိ​လေး​တွေ ရ​စေချင်​တာ ပါ" လို့ ပုသိမ်​မြို့ အမှတ်​ ၁၃ ယာဉ်​ထိန်းရဲ ဒုတပ်​ဖွဲ့ခွဲမှူး ရဲမှူးလှစိုးက​ပြောပါတယ်​။ ဆိုင်​ကယ်​စီးဦးထုပ်​​တွေကို​တော့ ဧရာဝတီတိုင်း​ဒေသကြီး ၀န်​ကြီးချုပ် ​ဦးလှမိုး​အောင်​နဲ့ အစိုးရအဖွဲ့ဝင်​၀န်​ကြီး​တွေကိုယ်​တိုင်​ လမ်းသွား​နေတဲ့ ဆိုင်​ကယ်​စီးနင်းသူ​တွေကို ​ဆောင်းပြီး​ ပေး​ဝေခဲ့တာဖြစ်​ပါတယ်​။ ဧရာဝတီတိုင်း​​ဒေသကြီးအတွင်းက ဆိုင်​ကယ်​တိုက်​မှု​ ၁၀ မှုမှာ ဦးထုပ်​မ​ဆောင်းလို့ ဒဏ်​ရာရရှိမှုက ၇ မှု​လောက်​ရှိတယ်​လို့ ပုသိမ်​မြို့ အမှတ်​ ၁၃ ယာဉ်​ထိန်းရဲတပ်​ဖွဲ့က​နေ သိရပါတယ်။
2 years Ago

January 20, 2019

ပုသိမ်တွင် တောဆင်ရိုင်း ဝင်ရောက်မှုကြောင့် နေအိမ်နှင့်ပစ္စည်းအချို့ ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ တောဆင်ရိုင်း ၁ ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်နဲ့ ပစ္စည်းအချို့ ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ည ၁၁ နာရီကျော်က ပုသိမ်မြို့နယ်၊ ကွမ်းချောင်းကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ ဒေသအခေါ်ကမ်းပါကြီးကျေးရွာရှိ ဦးမောင်အေးရဲ့ နေအိမ်တဲအား တောဆင်ရိုင်း ၁ ကောင်က ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တဲ နဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတဲအနီး ငှက်ပျောပင်တွေ ချိုးသံကြာ်းလို့ တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းအမှတ်(၁) ငပုတောမြို့မရဲစခန်း တောင်ကလေးလှုပ်ရှားရဲကင်းအဖွဲ့က ခြောက်လှန့် မောင်းထုတ်ခဲ့ရာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ပုသိမ်မြို့နယ်၊ မြင်းကကွင်းအုပ်စု ကြက်သောင်း ချောင်းတောင်ပေါ်ကို တက်သွားတယ်လို့ သိရပါတယ်။
3 years Ago
More News
Up