ပုလဲမြို့သစ်

February 9, 2021

ပုလဲမြို့တွင် ပညာရေးဝန်ထမ်းများအပါအဝင် အင်အား ၁ သိန်းကျော် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ  ပြည်သူတွေနဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် ကျေးရွာတွေကပါ ပူးပေါင်းပါဝင်ခဲ့ပြီး အင်အား ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

“မနေ့က လူအင်အား သောင်းဂဏန်းလောက်ပဲ ရှိတာ။ အခု ၁ သိန်းအထက်မှာ ရှိတယ်။ ပညာရေးဌာနလည်း ဒီနေ့ပါလာတယ်။ ရွာတွေ အသီးသီးကလည်း ထွက်လာကြတယ်” လို့ ဆန္ဒပြဦးဆောင်သူ တစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး ပြည်သူ့အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး တားဆီးပိတ်ဆို့တာ မရှိဘူးလို့ သိရပါတယ်။

ရန်နိုင်စိုး

10 months Ago
Up