ပုလဲမြို့နယ်

A d v e r t i s e m e n t With Us

December 11, 2020

ပုလဲမြို့နယ်၌ USDP ကိုယ်စားလှယ်​လောင်း ၂ ဦးနှင့် စည်းရုံးရေးမှူး ၁ ဦးတို့ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရ

စစ်ကိုင်းတိုင်း​၊ ပုလဲမြို့နယ်မှာ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် ၃ ဦးကို နိုင်ငံ​တော်အကြည်ညိုပျက်​စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ပုလဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူးက​ တရားစွဲဆိုလိုက်ပါတယ်။ တရားစွဲခံရတဲ့သူ​ ၃ ဦးက​တော့ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​ လောင်း ဦး​စော​မောင်၊ တိုင်း​ဒေသကြီး ၂ လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦးတင်​ဆွေနဲ့ ရပ်​ကျေးစည်းရုံး​ရေးမှူး ဦးညို​ရောင်တို့ဖြစ်ပြီး နိုင်ငံ​တော်အတိုင်ပင်ခံ​နဲ့ ပတ်သက်ပြီး ​ပြောဆိုခဲ့တာ​ကြောင့် တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပုလဲမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသန်းနိုင် က "၉ လပိုင်း ၁၆ ရက်​နေ့မှာ အင်တိုင်းသာ​ကျေးရွာမှာ စည်းရုံး​ရေးဆင်းတဲ့အခါ နိုင်ငံ​တော်အကြည်ညိုပျက်​စေတဲ့​ ဟော​ပြော မှု​တွေလုပ်တဲ့ အသံဖိုင်ရထားတဲ့အတွက် ​ကျေးရွာအုပ်ချုပ်​ရေးမှူးက​နေ တင်ပြ​တော့ ကျ​နော်တို့က လည်း အဆင့်ဆင့်တင်ပြလိုက်​တော့ ခွင့်ပြုချက်ရတယ်။ အခု တရားရုံးကိုအမှုဖွင့်လိုက်ပြီ"လို့ ​​ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ  ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့အမှု​ပေါင်း  ၂ မှု ရှိပြီး ကနီမြို့နယ်မှာ ၁ မှုနဲ့ ပုလဲမြို့နယ်မှာ ၁ မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - ဌေးလှိုင်
3 months Ago

July 7, 2020

ပုလဲမြို့နယ် စစ်​ဆေး​ရေးဂိ​တ်​မြေရှင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ရာဘာကျည်ဖြင့်ပစ်ခံရ၍  ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း​၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြကုန်း​ကျေးရွာအနီးမှာ​ ဇူလိုင် ၇ ရက်​နေ့မနက်ပိုင်းက စစ်​​ဆေး​ရေးဂိတ်အတွက် ​​မြေနေရာရှင်းလင်းတာကို ​ဒေသခံတွေ လာရောက်ကန့်ကွက်ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လုံခြုံ​ရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်နဲ့ပစ်လို့ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပုလဲမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းနိုင်က "အ​ခြေ​နေက​တော့ အရင်တုန်းကထင်းစိုက်ခင်းကိုလည်း မ​ပေးဘူး။အခု ​​နေရာသစ် ​​စာသင်​ကျောင်း​ရှေ့နားမှာရှိတဲ့ ပေ ၁၈၀ - ​ပေ ၈၀ ​လောက်ရှိတဲ့ နေရာ​ပြောင်းလုပ်​တော့လည်းလက်မခံကြဘူး​ပေါ့ဗျာ။ ထိခိုက်မှု ၁ ဦးသာရှိပြီး ​သေနတ်လာလုလို့ ကျည်ထွက်သွားတာ။ ​ကျည်အစစ်မဟုတ်ဘူး။ ရာဘာကျည်ပါ။ပြောင်း​ချောက တိုက်ရိုက်မဟုတ်ဘူး။ ​အောက်က​နေ​ထောက်ပြီး ​မြေပြင်ကတစ်ဆင့်ပြန်မှန်တာပါ။ အခု​နောက်ဆုံးအ​ခြေ​နေက​တော့ ရဲတပ်ဖွဲ့​တွေလည်းပြန်တားထားသလို အထက်အမိန့်ကို​စောင့်ပြီး ကျ​နော်တို့အ​နေအထားနဲ့ သူတို့ရဲ့အ​နေအထား ​ဆွေး​နွေး​နေသလို လုပ်တာက​တော့ လုပ်မှာဖြစ်​ပြီး အဲဒီ​နေရာ​လောက် ​ကောင်းတာလည်း မရှိဘူး"" လို့ ​ပြောပါတယ်။ ဖြစ်စဉ်မှာ ​​​ဒေသခံ ၅ ဦး ထိန်းသိမ်းခံရပြီး ရာဘာကျည် ထိမှန်သူ ဒေသခံ ၃ ဦးထဲက ၇ ချက်ထိမှန်​ခဲ့တဲ့ ကိုဇော်သန်းဦးကိုတော့ ဆေးရုံပို့​ဆောင်လိုက်ရတယ်လို့ ​ဒေသခံ ဦး​ကျော်မြင့်စိုးက ​ပြောပါတယ်။ ​အဲဒီ​မြေ​နေရာဟာ ​ရွာသစ်​ပြောင်း​စဉ်က ​မြေ​နေရာအစားထိုးနဲ့ ရယူခဲ့ပြီး ​ငွေ​ကြေး​​ပါ ​ပေးခဲ့ရတာကြောင့် ​ကျေးရွာပိုင်ဖြစ်တယ်လို့ ​ဒေသခံတွေက ပြောကြားခဲ့သလို ​ဒေသခံအာဏာပိုင်အုပ်ချုပ်​ရေးအဖွဲ့ကလည်း ဒီ​နေရာဟာ အစိုးရစီမံပိုင်ခွင့်ရှိတဲ့ နေရာဆိုပြီး တဖက်နဲ့တဖက် အငြင်းပွားမှုဖြစ်​နေတာပါ။ ​ဆောက်လုပ်မယ့် စစ်​ဆေး​ရေးဂိတ်ဟာ တရားမဝင်ဝင်​ရောက်လာမယ့် ကုန်ပစ္စည်း​တွေကို စစ်​ဆေးမဲ့ ပူး​ပေါင်းစစ်​ဆေး​ရေးဂိတ်ဖြစ်ပြီး ဆောက်လုပ်မယ့် အကျယ်အဝန်းက ၀.၅၅ ဧကလောက်ရှိတယ်လို့ သိရပါတယ်။
8 months Ago
More News
Up