ပုလဲမြိုနယ်

September 30, 2021

ပုလဲမြိုနယ်တွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လက်ပကန်ရွာအနောက်ဘက် နှောကန်ရွာနီးမှာ စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၁၁ နာရီအချိန်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်မတော်က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဆိုင်ကယ်သုံးစီးပေါ် ပါလာတဲ့ စစ်သား ၆ ယောက်နဲ့ ခွေးဘီးလူးကားပေါ်က စစ်သား ၈ ယောက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲ PDF တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်မတော်က လူ ၆ ယောက်နဲ့ ပြောက်ကျားတိုက်ခိုက်တာကြောင့် အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါမိုင်းတိုက်ခိုက်ခဲ့တဲ့ ပုလဲပြည်သူကာကွယ်ရေးတပ်မတော်မှာ တပ်ရင်း ၆ ရင်း၊ အရံ တပ်ရင်း ၂ ရင်း၊ အထူးတပ်သား အင်အား ၁၀၀ ရှိတယ်လို့ တာဝန်ရှိရဲ့ပြောပြချက်အရ သိရပါတယ်။

3 weeks Ago
Up