ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

August 12, 2021

ပုလဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်များအမြန်ရုပ်သိမ်းရန် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

ပုလဲမြို့နယ်တောင်ပိုင်း ပုလဲ-ဂန့်ဂေါ လမ်းမကြီးတလျှောက် ခြေလျင်စစ်ကြောင်းထိုး သွားလာလှုပ်ရှား‌နေတဲ့ စစ်ကောင်စီတပ်တွေ အမြန်ဆုံး ရုပ်သိမ်းသွားဖို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေ ရောက်ရှိရာ လမ်းတလျှောက်က ကျေးရွာတွေမှာ ပြည်သူလူထုအား ထိတ်လန့်ချောက်ချားစေတာ၊ ပြည်သူတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာနဲ့ အိုးအိမ်စည်းစိမ်တွေအား ဖျက်ဆီးတာတွေကို  ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်လူကြီးတွေ၊ စစ်ကြောင်းမှူးတွေ တိုင်ပင်ညှိနှိုင်းပြီး အခုပုလဲမြို့နယ်အတွင်းက စစ်ကြောင်းအား အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးဖို့၊ လိုက်လျောခြင်းမရှိခဲ့ပါက ရုံးတက်နေတဲ့ ဝန်ထမ်းအားလုံးနှင့်တကွ  မြို့နယ်အခြေစိုက်ရုံးအားလုံးကို ပျက်စီးကြေမွတဲ့အထိ  ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ပုလဲပြည်သူကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

4 months Ago
Up