ပုလိပ်မြို့ ရတနာလာဘမုနိမြွေဘုရား ရွှေသင်္ကန်းကပ်ထားသည့်ရွှေများ

January 9, 2018

ပုလိပ်မြို့ ရတနာလာဘမုနိမြွေဘုရား ရွှေသင်္ကန်းကပ်ထားသည့်ရွှေများ ပျောက်ဆုံးသဖြင့် ခေတ္တပိတ်ထား

မန္တ​လေးတိုင်းဒေသကြီး၊ စဥ့်ကိုင်​မြို့နယ်​ ပလိပ်မြို့ ရတနာလာဘမုနိ ​မြွေဘုရား​​ ​ရွှေသင်္ကန်းကပ်​ရာ ယခင်​​ရွှေတွေ ပျောက်​ဆုံးသွားတဲ့အပေါ် မြို့ခံလူထုက မ​ကျေနပ်တဲ့အတွက် ဇန်​နဝါရီ ၇ ရက်​​က  ဘုရားကို ယာယီ​ခေတ္တ ပိတ်​ထားခဲ့ရပါတယ်။ စဥ့်ကိုင်​မြို့နယ်​ ပလိပ်​အုပ်​စု သံဃနာယကအ​နေနဲ့  လက်​ရှိတာဝန်​ယူထားတဲ့ ဘုရား​ဂေါပက​တွေကို မ​နေ့ညနေက သက်ဆိုင်ရာတာဝန်ရှိသူတွေ ရှေ့မှောက်မှာ စစ်ဆေး  ရှင်းလင်းခဲ့ကြပါတယ်​။ ပလိပ်​မြို့အုပ်​စု သံဃနာယကဥက္ကဋ္ဌ ဦးမဏ္ဍလက “အ​ရေးယူဖို့ဆိုတာက​တော့ ထွက်​​နေတဲ့​ ကောလာဟလ​တွေကို သူတို့ ဘယ်​လို​ဖြေရှင်းမယ်​ဆိုတဲ့အ​ပေါ် မူတည်​​နေတယ်​​။ သံဃနာယကကို တိုင်​ပင်​ပြီး ခွင့်ပြုချက်​​တောင်းပြီး လုပ်​ကြတာ မဟုတ်​ဘူး။ ဘုရားကို အမြန်​ဆုံး ပြန်​ဖွင့်မှာပါ။ အ​ခြေအ​နေအရ ခဏပိတ်​ထားရတာ​”လို့ မိန့်​ကြားပါတယ်​။ ပလိပ်​မြို့ခံ ကိုစိုးလွင်​က “လက်​ရှိလုပ်​​နေတဲ့ ​ဂေါပက​တွေကို မြို့ခံလူထုက မကြိုက်​ကြဘူး​လေ။ သမိုင်းမ​ကောင်းတဲ့ သူ​တွေက များ​နေတာ။ အမည်​ပျက်​လည်း များတယ်​။ အဓိက​တော့​ ငွေ​ရေး​ကြေး​ရေး ကိစ္စ​တွေနဲ့ အမည်​ပျက်​ကြလို့ မကြာခဏ ဂေါပက​ ရွေး​နေရတယ်”​လို့ ​ပြောပါတယ်​။ ဘုရား​ဂေါပကဥက္ကဋ္ဌ ဦးခင်​​မောင်​ဦးကို ဆက်​သွယ်​​မေးရာမှာ ​ဘုရားကို​ ရွှေသင်္ကန်း ကပ်​လှူခွင့်ရရှိတဲ့​ လေလံပိုင်ရှင်​နဲ့ ​​လေလံမရရှိတဲ့သူတို့ အဆင်​မ​ပြေရာက​နေ တိုင်ကြ​ တောကြတာ ဖြစ်​တယ်​လို့ ပြောပါတယ်။
3 years Ago
Up