ပုလိစ်တယ်ရို

February 12, 2018

တိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်ဝမ်း အဖွင့်ပွဲစဉ်တွင် ဂိုးသွင်းယူ (ရုပ်သံဟိုက်လိုက်)

မ​နေ့ကယှဉ်​ပြိုင်​ကစားခဲ့တဲ့ ထိုင်းလိဂ်​ဝမ်း​ပွဲစဉ်​ ၁ မှာ တိုက်​စစ်​မှူး ​အောင်​သူဟာ အဖွင့်​ဂိုး သွင်းယူ​ပေးနိုင်​ခဲ့​ပေမယ့်​ ပွဲအပြီးမှာ​တော့ သူတို့ရဲ့ ပုလိစ်​တယ်​ရိုအသင်းဟာ ပရာချွတ်​ပ်​အသင်းကို အ​ဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်​ခဲ့ရပါတယ်။ တိုက်​စစ်​မှူး​အောင်​သူဟာ ပွဲကစားချိန်​ ၉ မိနစ်​မှာပဲ မားကိုစ့်​ရဲ့ ဖန်​တီး​ပေးပို့မှုက​တဆင့်​ အပိုင်​ပိတ်​သွင်းပြီး အဖွင့်​ဂိုး ရယူ​ပေးခဲ့တာပါ။ ​အောင်​သူဟာ ပုလိစ်​တယ်​ရိုအသင်းနဲ့ အလျင်​အမြန်​ အသားကျခဲ့တယ်​လို့ ​ပြောရမှာဖြစ်​ပြီး​ ​ခြေစွမ်းပြ ကစားနိုင်​ခဲ့ပါတယ်​။ ဒါဟာ ​မြန်​မာကစားသမားတဦးအတွက်​ ထိုင်းလိဂ်​ဝမ်း ပွဲဦးထွက်​ စတင်​ကစားတဲ့အချိန်​မှာ ဂိုးသွင်းယူနိုင်​ခဲ့တာလည်း ဖြစ်​ပြီး​ ထိုင်းလိဂ်​ဝမ်းမှာ ဂိုးသွင်းယူနိုင်​တဲ့ ပထမဆုံး မြန်​မာကစားသမား ဖြစ်​လာခဲ့ပါတယ်​။ ​အောင်​သူဟာ ရတနာပုံအက်​ဖ်​စီအသင်းက​နေ ပုလိစ်​တယ်​ရိုအသင်းကို တရာသီအငှားစာချုပ်​နဲ့ ​ပြောင်း​ရွှေ့ကစား​နေတာလည်း ဖြစ်​ပါတယ်​။
4 years Ago
Up