ပုပ္ပား​တောင်​ကလပ်​ ​ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်​အချို့ကို တရားစွဲဆို

May 27, 2018

ပုပ္ပား​တောင်​ကလပ်​ ​ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်​အချို့ကို တရားစွဲဆို

  မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား​တောင်​ကလပ်​ ​ဂေါပကဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်​အချို့ကို အများပြည်​သူ လှူဒါန်းထား​တဲ့ ​ငွေအချို့နဲ့ပတ်​သက်​ပြီး ပွင့်လင်းမြင်သာမှုမရှိလို့ တရားစွဲဆိုထား​ကြောင်း ​​တရားစွဲဆိုသူ ဦးစိုးညွန့်​က ပြောပါတယ်။ ဦးဆောင် တရားစွဲဆိုသူ ဦးစိုးညွှန့်က “လက်​ရှိအဖွဲ့ ​ဂေါပကဥက္ကဋ္ဌအပါဝင် ၆ ဦးနဲ့ ဓာတ်​နန်း၊ နတ်​နန်းတို့မှ နန်းထိုင်​ ၇ ဦးနဲ့ စာ​ရေးမ၊ ကြီးကြပ်​​ရေးတို့အပါအ၀င်​ အားလုံး​ ၁၅ ဦးကို လက်​ဆက်​​ငွေနဲ့ ကန်​တော့​ငွေတွေကို ပွင့်လင်းမြင်​သာမှုမရှိလို့ တရားစွဲဆိုထား​တယ်”လို့ ပြောပါတယ်။ ကျောက်​ပန်း​တောင်းမြို့နယ်​ တရားရုံးမှာ အမှုအမှတ်​ ၂၀၃ ရာဇသတ်​ကြီးပုဒ်​မ ၄၀၆ အရ တရားစွဲဆိုထားတာလို့ ဆိုပါတယ်။ တရားစွဲဆိုရတဲ့အ​ပေါ် ​တောင်​ကလပ်​​ကျေးရွာ​နေ ကိုညိုထွန်းက “ပုပ္ပား​တောင်​ကလပ်​ မှာ အလှူခံဌာနကြီး ၇ ခုက ၁ လမှ ၄ သိန်းပဲ အပ်ပါတယ်။ တကယ့်တကယ် ပျမ်းမျှနှုန်း တွက်မယ်ဆိုရင် တရက်မှ ၂ ထောင်ပတ်ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကို အများပြည်သူက ဒီထက်မကဘူး ဆိုတာ သိလို့ အများပြည်သူရဲ့ ဆန္ဒအရ ကိုစိုးညွှန့်က ဦးဆောင်ပြီး တရားစွဲဆိုတာပါ။”လို့ ပြောပါတယ်။ တရားစွဲခံရတဲ့အပေါ် ဂေါပကဥက္ကဋ္ဌ ဦးသာအေးက အရင်​​ဂေါပက လက်​ထက်​ကတည်းက အခုလို သတ်​မှတ်​​ငွေအချိုးအစားနဲ့ ကန်​ထရိုက်​ပုံစုံမျိုး ​ပေးသွင်း​နေကြတာလို့ ပြောပါတယ်။ “၄ သိန်း ၁ သောင်း ၅ ထောင် ငွေက ပြီးခဲ့တဲ့ ဂေါပက သက်တမ်းကနေပြီး သတ်မှတ်ထားတာပါ။ ဦးတို့ သက်တမ်း ၄ လပဲရှိသေးတာဖို့ ဦးတို့က မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ အားလုံး ညှိနှိုင်းပြီးတော့ တိုးသင့်မတိုးသင့်၊ တိုးတာတော့ တိုးရမှာပဲ။ ဘယ်လောက်တိုးရမလဲဆိုတာ သူတို့နဲ့ ညှိနှိုင်းထားပါတယ်”လို့ ပြောပါတယ်။   ကိုလင်း (​ချောက်​)
3 years Ago
Up