ပုပ္ပား

August 27, 2018

ပုပ္ပား​ နဂါး​မောက်​စိုက်​​တောင်​သူများ ​ယခင်​နှစ်​​ထက်​​ ဈေး​ကောင်းရနေ

ကျောက်​ပန်း​တောင်းမြို့နယ်၊ ပုပ္ပားမှာ​ နဂါး​မောက်​သီးစိုက်​ ​​တောင်​သူတွေ အခုနှစ်​ အထွက်​နှုန်း​ကောင်းသလို ​ဈေး​ကောင်းရ​နေတယ်​လို့ စိုက်​ပျိုး​တောင်​သူ ဦးသိန်းထွန်းက ​ပြောပါတယ်​။ ဒီနှစ်​က အရင်​နှစ်​ထက်​ သီးထွက်​အားလည်း​ ကောင်းတယ်​၊ ​ဈေးကလည်း ၁ ကီလိုကို ၁၂၀၀ ကျပ်​​ရောင်းရတယ်​။ ၁ ကီလိုကို ကြီးရင်​ ၂ လုံး​လောက်​၊ လတ်​ရင်​ ၃ လုံး​လောက်​စီးတယ်​လို့ အပင်​တိုင်​​ရေ ၁၀၀ ​ကျော် ​စိုက်​ပျိုးထားတဲ့ ဦးသိန်းထွန်းက ဆိုပါတယ်။ “ဝယ်​လက်​​တွေကလည်း ခြံထဲအထိ လာဝယ်​​နေကြတာဖြစ်​လို့ စိတ်​ချမ်းသာရတယ်​။ အရင်​နှစ်​​တွေက ၁ ​ကီလိုကို ​၆၀၀၊ ၇၀၀ အထိ ရခဲ့ပြီး အခုနှစ်​မှာ​တော့ ​ဈေးက နှစ်​ဆလို့​တောင်​ ​ပြောလို့ရ​နေတယ်​။ နဂါး​မောက်​သီးက နယုန်​လ​လောက်​က​နေ ​တော်​သလင်းလအထိ ​လေးပြန်​​လောက်​ စွတ်​ခူးရပြီး တပြန်​ခူးရင်​ တိုင်​ ၁ ​တိုင်​စာ (​လေးပင်​စိုက်​ပျိုး တိုင်​တစ်​တိုင်​) ကို (​၁၅)ကီလို​လောက်​ ခူးစွတ်​ရတယ်​။” ပုပ္ပားမှာ နဂါးမောက်သီးခြံ ၁၀၀ လောက်ရှိ​ပြီး အဓိက ရန်​ကုန်​ကို တင်​ပို့ကြပါတယ်။ အခုအချိန်​က အသီး အထွက်​နည်းသွားပြီဖြစ်​လို့ အခု ​လေးပြန်​​မြောက်​အချိန်​​မှာ ​ဈေးပိုလာပြီး ဇူလိုင်​လထဲမှာ အထွက်​အများဆုံး ဖြစ်​တယ်လို့ ဆိုပါတယ်။ ဒီနှစ်​ အသီး​ပေါ်စက​တော့ ၁ ​ကီလို ၈၀၀ ​​ရောင်းရပြီး အခုလမှာ​တော့ ၁၂၀၀ ​နှုန်း​ရောင်း​နေရကာ​ နောက်နှစ်ပြန်လောက် ခူးပြီးရင်​ အသီးတုံးသွားပြီလို့ ​ပြောပါတယ်​။
5 years Ago
Up