ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်

A d v e r t i s e m e n t With Us

June 3, 2020

လူမျိုးရေးခွဲခြားမှုကို မျက်ကွယ်ပြု၍မရနိုင်ဟု ပုပ်ရဟန်းမင်းကြီး မိန့်ကြား

အမေရိကန် လူမည်းဂျော့ဂျ်ဖလွိုက် သေဆုံးတာနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က လူမျိုးရေးခွဲခြားမှုကို ဘယ်သူမှ မျက်ကွယ်ပြုလို့မရဘူးဆိုပြီး ဇွန် ၃ ရက်မှာ မိန့်ကြားလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဂျော့ဂျ်ဖလွိုက် ကြေကွဲဖွယ် သေဆုံးပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်တွေက  အမေရိကန်မှာ ဖြစ်ခဲ့တဲ့ လူမှုရေးမငြိမ်သက်မှုတွေကို စိုးရိမ်ပူပန်စွာ တွေ့မြင်ရတယ်လို့ မိန့်ပါတယ်။  ဖရန့်စစ်က ဘယ်လိုပုံစံမျိုးနဲ့မဆို လူမျိုးရေးခွဲခြားမှု၊ ပစ်ပယ်မှုတွေကို မျက်ကွယ်ပြုထားလို့ရမှာ မဟုတ်ဘဲ လူသားတိုင်းရဲ့ မြင့်မြတ်မှုကို ကာကွယ်ရမယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ မကြာသေးခင်ညတွေက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတတ်တယ်၊ အကြမ်းဖက်နည်းလမ်းနဲ့ ဘာမှ မရရှိနိုင်ဘဲ ဆုံးရှုံးမှုတွေ သိပ်များပြားတယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။  ဂျော့ဂျ်ဖလွိုက်နဲ့ လူမျိုးရေးခွဲခြားမှုကြောင့် သေဆုံးခဲ့သူ အားလုံးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဆုတောင်းပေးခဲ့ပါတယ်။
9 months Ago

December 25, 2019

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မရရှိတာမျိုး အဖြစ်မခံရန် ပုပ်ရဟန်းမင်းကြီး မိန့်ကြား

ခရစ်ယာန်ကျောင်းတော်ရဲ့ ချွတ်ယွင်းချက်တွေကြောင့်  ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို မရရှိတာမျိုး အဖြစ်မခံဖို့ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်က ခရစ္စမတ် အကြိုညမှာ မိန့်ကြားလိုက်ပါတယ်။ ဗာတီကန်စီးတီးရှိ စိန့်ပီတာဘုရှားကျောင်းမှာ ပြုလုပ်တဲ့  ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဦးဆောင် ကျင်းပခဲ့ရာမှာ ပုပ်ရဟန်းမင်းကြီးက  “ကျွန်ုပ်တို့ အဆိုးတကာ့ အဆိုးဆုံး ဖြစ်နေရင်တောင် ဘုရားသခင်က ကျွန်ုပ်တို့ အားလုံးအပေါ်မှာ ချစ်ခြင်းမေတ္တာတွေ ဆက်ထားရှိနေတယ်ဆိုတာကို  ခရစ္စမတ်က ကျွန်ုပ်တို့ကို အမှတ်ရစေတယ်” လို့ ဟောကြားခဲ့ပါတယ်။  ကမ္ဘာတဝန်း ကျောင်းတော်တွေကြုံတွေ့နေရတဲ့ လိင်ပိုင်းစော်ကားမှု အရှုပ်တော်ပုံနဲ့   ဗာတီကန်ကျောင်းတော်မှာ ဖြစ်နေတဲ့ ငွေကြေးမမှန်ကန်မှုတွေ အပါအဝင် ခရစ်ယာန်ကျောင်းတော်တွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုလည်း  ပုပ်ရဟန်းမင်းကြီးက ရည်ညွှန်းပြောဆို လိုက်တာပါ။ အရင်ကပုပ်ရဟန်းမင်းတွေကို အကာကွယ်ပေးတဲ့ “ပုပ်ရဟန်းမင်းလျှို့ဝှက်စည်းမျဉ်း”ကို   ဖျက်သိမ်းလိုက်ပြီး ဗာတီကန်ကျောင်းတော်ရဲ့ ပြဿနာ ဖြေရှင်းနည်းကို ပြောင်းလဲခဲ့တယ်လို့   ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပုပ်ရဟန်းမင်းကြီး ကြေညာခဲ့ပါတယ်။  ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ   စိန့်ပီတာဘုရားကျောင်းရဲ့ လေသာဆောင်ကနေ ဗာတီကန်စီးတီးနဲ့ ကမ္ဘာကို  သတင်းစကားပါးပြီး ကောင်းချီးပေးသွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ- Reuters   
1 year Ago
Up