ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

A d v e r t i s e m e n t With Us

June 15, 2020

လစ်ဗျား ပြည်တွင်းစစ်အဆုံးသတ်ရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

လစ်ဗျားနိုင်ငံထဲက ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇွန်လ ၁၄ ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။  နိုင်ငံတွင်းက ရက်စက်မှုတွေရဲ့သားကောင် ဖြစ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့နဲ့ ဆွေးနွေးပွဲတွေပြန်စဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ စိန့်ပီတာရင်ပြင်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ခုလို မေတ္တာရပ်ခံလိုက်တာပါ။ လစ်ဗျားက အခြေအနေကြောင့် နာကျင်ရတယ်လို့ သူက ပြောပါတယ်။ လစ်ဗျားက အာဏာရှင် မွမ်မာကဒါဖီကို နေတိုးက ကျောထောက်နောက်ခံ ပေးထားတဲ့ သူပုန်ထမှုနဲ့ ၂၀၁၁ မှာ ဖြုတ်ချခဲ့ပြီးတည်းက လစ်ဗျားမှာ ဗဟိုအစိုးရ မရှိနေပါဘူး။ မြို့တော် ထရီပိုလီနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက အုပ်ချုပ်ပြီး ဘန်ဂါဇီမြို့မှာတော့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာ ဦးဆောင်တဲ့ အစိုးရက နိုင်ငံအရှေ့ပိုင်းကို အုပ်ချုပ်ပါတယ်။ ဒါကြောင့် လစ်ဗျားမှာ အစိုးရ နှစ်ရပ်၊ စစ်တပ် နှစ်တပ်နဲ့ စင်ပြိုင်လွှတ်တော်တို့ ရှိနေပါတယ်။ လစ်ဗျားနိုင်ငံတွင်းက ရွှေ့ပြောင်းနေထိုင်သူများကို ထိန်းသိမ်းတဲ့ အချုပ်ခန်းတွေဟာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရောက်နေပြီး အလွဲသုံးစားမှုတွေကို ရင်ဆိုင်နေရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို လူ့အခွင့်အရေးအုပ်စုတွေက ပြောခဲ့ပါတယ်။
9 months Ago
Up