ပုပ်ရဟန်းမင်

September 14, 2020

မီးလောင် မိုရီယာစခန်းက ဒုက္ခသည်များကို စာနာကြောင့် ပုပ်ရဟန်းမင်းကြီးပြော

ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းပေါ်က ဥရောပရဲ့ အကြီးဆုံး ဒုက္ခသည်စခန်း မီးလောင်ခံရလို့ အိုးအိမ်မဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို စာနာတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။  မိုရီယာ လက်ခံကြိုဆိုရေးစခန်းမှာ လောင်တဲ့မီးကြောင့် လူ ၁၂၀၀၀ ကျော် ခိုလှုံစရာမရှိ ဖြစ်ခဲ့တာပါ။ လူများစုဟာ လေဟာပြင်မှာ အိပ်ရင်း စားနပ်ရိက္ခာ သောက်ရေနဲ့ သန့်စင်ခန်းတွေ မရှိဘဲ နေကြရပါတယ်။  ဒီဖြစ်ရပ်တွေက အိုးအိမ်မဲ့ ရွှေ့ပြောင်း နေထိုင်သူအားလုံးနဲ့ ကျနော်  သွေးစည်း နီးကပ်နေတယ်လို့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပတဲ့ အပတ်စဉ် လူထုတွေ့ဆုံပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးဟာ အဲဒီကျွန်းပေါ်က ဒုက္ခသည်တွေဆီကို ၂၀၁၆ ခုနှစ်က သွားရောက် လည်ပတ်ဖူးပြီး ဆီးရီးယား မိသားစု ၃ စုကို အီတလီမြို့တော်ဆီ ခေါ်လာခဲ့ဖူးပါတယ်။ လမ်းပေါ်နေရတဲ့ ဒုက္ခသည်တွေကို ယာယီစခန်းဆီ လာမယ့်ရက်ပိုင်းအတွင်း အပြီး ရွှေ့ပြောင်းပေးမယ်လို့ ဂရိအစိုးရက စက်တင်ဘာ ၁၃ ရက်မှာ ကတိပြုခဲ့ပါတယ်။ မိုရီယာ ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တာပါ။
1 year Ago

August 20, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ချမ်းသာသည့်နိုင်ငံများ မသိုလှောင်သင့်ဟု ပုပ်ရဟန်းမင်းပြော

ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးကို ချမ်းသာတဲ့နိုင်ငံတွေက သိုလှောင် မထားသင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူတန်းစာအလွှာအသီးသီးနဲ့ တွေ့ချိန်အတွင်း ပြောလိုက်ပါတယ်။ ဗာတီကန်နန်းတော်မှာ သြဂုတ် ၁၉ ရက်က တွေ့ဆုံပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက တကယ်လို့ ကာကွယ်ဆေးဟာ ဒီနိုင်ငံ၊ ဟိုနိုင်ငံတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာခဲ့မယ်ဆိုရင် ဝမ်းနည်းစရာ ကောင်းလိမ့်မယ်လို့ ပြောပါတယ်။ “တကယ်လို့ ခင်ဗျားတို့ မြင်နေတဲ့ စီးပွားရေးအထောက်အပံ့အားလုံးက ပြည်သူ့ရန်ပုံငွေထဲက လာပြီး လူ့အဖွဲ့အစည်းထဲက အလိုအပ်ဆုံး လူတွေ၊ အပယ်ခံရတဲ့လူတွေကို မမျှမတဝေတဲ့ ကုမ္ပဏီတွေဆီ ရောက်သွားမယ်ဆိုရင် ဒါဟာ ဘယ်လောက်တောင် ကျော်မကောင်း ကြားမ ကောင်းကိစ္စဖြစ်လိုက်မလဲ” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။  ကမ္ဘာတလွှား ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံလူဦးရေဟာ သြဂုတ် ၂၀ ရက်မနက်ပိုင်းအထိ ၂၂ သန်း ၅ သိန်းခွဲကျော်နဲ့ သေဆုံးသူဦးရေက ၇ သိန်း ၉ သောင်းကျော်နေပြီလို့ သိရပါတယ်။
1 year Ago
Up