ပုပ်ရဟန်းမင်းကြီး ဘင်္ဂလားဒေ့ရှ်တွင် သင်းအုပ်ဆရာအသစ်များကို သိက္ခတော်ဘွဲ့ အပ်နှင်း

December 1, 2017

ပုပ်ရဟန်းမင်းကြီး ဘင်္ဂလားဒေ့ရှ်တွင် သင်းအုပ်ဆရာအသစ်များကို သိက္ခတော်ဘွဲ့ အပ်နှင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ သင်းအုပ်ဆရာ အသစ်တွေကို သိက္ခာတော်ဘွဲ့ အပ်နှင်းပါတယ်။ သူဟာ  မြန်မာပြည်ကနေ ထွက်ပြေးလာတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါကာမြို့တော် ဆူဟရာဝါဒီ အူဒီယံ ပန်းခြံမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲကို လူတသိန်းကျော် တက်ရောက်ပါတယ်။ ဒီပန်းခြံမှာ ၁၉၇၁ ခုနှစ်က ပါကစ္စတန်လက်အောက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ အထိမ်းအမှတ်ဗိမာန်နဲ့ ပြတိုက်လည်း ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ ၁၆၉ သန်းမှာ မွတ်ဆလင်က လူများစုဖြစ်ပြီး ကက်သလစ် ခရစ်ယာန်ဘာသာဝင်က လူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။
4 years Ago
Up