ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိမည်

November 30, 2017

ပုပ်ရဟန်းမင်းကြီးဖရန်စစ် စိန့်မေရီဘုရားကျောင်းတွင် မြန်မာလူငယ်များနှင့် တွေ့ဆုံ

ရိုမန်ကတ်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ မြန်မာနိုင်ငံတွင်းက ဘာသာဝင်လူငယ်တွေ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက စိန့်မေရီဘုရားကျောင်းမှာ ကျင်းပပါတယ်။ ဒီလို လူငယ်တွေအတွက် အဓိကရည်ရွယ်တဲ့ မစ္ဆားလူငယ်အထူးတရားပွဲကို ကြိုတင်မသိရှိခဲ့တဲ့အတွက် ဝင်ခွင့်ကဒ်မရရှိဘဲ အပြင်မှာ စောင့်ဆိုင်းနေကြရတဲ့လူငယ်တွေလည်း ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့မွန်းလွဲပိုင်းမှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်မှာ ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
3 years Ago

August 28, 2017

ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိမည်

  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမယ့် နိုဝင်ဘာလ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ ချုပ်က ဒီကနေ့ ကြေညာလိုက်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဖိတ်ခေါ်ချက်အရ လာရောက်မှာဖြစ်ပြီး အစိုးရခေါင်းဆောင်တွေ သာမက ဘာသာရေးခေါင်းဆောင်တွေ နဲ့ ပြည်သူတွေကို တွေ့ဆုံဖို့ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားဖို့စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်ခင်  မြန်မာပြည်ကို လာရောက်မှာဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ပြီး ကက်သလစ်ခရစ်ယာန် ဘာသာဝင် လူနည်းစုပဲရှိတဲ့ မြန်မာပြည်ကို ပုပ်ရဟန်းမင်းကြီးတပါးအနေနဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ ဗာတီကန်နန်းတော်မှာ ပြီးခဲ့တဲ့ မေလ ၄ ရက်က တွေ့ဆုံပြီးနောက်   မြန်မာနဲ့ ဗာတီကန်မြို့ပြ နိုင်ငံတို့အကြား သံတမန်အဆက်အသွယ် စတင်ထူထောင်ထား ပါတယ်။
4 years Ago
Up