အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ သမိုင်းဝင် ၀တ်ပြုဆုတောင်းပွဲကို သောင်းနဲ့ချီတဲ့ ကတ်သလစ်ဘာသာဝင်တွေနဲ့ မွတ်စလင်တွေ တက်ရောက်ခဲ့ပါတယ်။
မြို့တော် အဘူဒါဘီရှိ ဇေယိကစားကွင်းမှာ ၀တ်ပြုသူ ၁၃၅,၀၀၀ လောက် စုဝေးပြီး ဗာတီကန် အလံတွေ ဝှေ့ရမ်းကာ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မတူညီတဲ့ ဘာသာရေးတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ UAE ကိုရောက်ရှိနေ တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုပြီး ကတ်သလစ် ဘာသာဝင်တွေက ယုံကြည်တာမို့ ပုပ်ရဟန်းမင်းကြီးရဲ့ ၀တ်ပြုဆုတောင်းပွဲမှာ ပါဝင်တာဟာ အလွန်ထူးခြားလှပါတယ်။
အာရေဗျကျွန်းဆွယ်မှာ နေထိုင်ကြတဲ့ ကတ်သလစ်ဘာသာဝင်တွေရဲ့ တဝက်လောက်ဟာ UAE နိုင်ငံက ဖြစ်ပါတယ်။
UAE ဟာ ဆော်ဒီအာရေးဘီးယားရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာ စတင်မွေးဖွားရာ ဒေသဖြစ်ပါတယ်။
2 years Ago