ပုပ်ရဟန်မင်းကြီး

August 26, 2018

ဆိုရှယ်မီဒီယာကို အလွန်အကျွံ အသုံးမပြုကြရန် ပုပ်ရဟန်မင်းကြီး သတိပေး

အိုင်ယာလန်နိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူမှုကွန်ရက်မီဒီယာကို အလွန်အကျွန်မဟုတ်ဘဲ သင့်တင့်မျှတစွာ အသုံးပြုကြဖို့  သတိပေး ပြောကြားသွားပါတယ်။ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့က ခရွတ်ပါ့တ်ခ် အားကစားရုံမှာ ပြုလုပ်တဲ့ မိသားစုပွဲတော်ကို တက်ရောက်လာတဲ့ လူပရိသတ်တွေကို မိန့်ခွန်းပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဲဒီလိုပြောကြားသွားတာပါ။ “ဆိုရှယ်မီဒီယာကို ထိုက်သင့်သလောက်၊ သတိထားပြီး အသုံးပြုမယ်ဆိုရင် အကျိုးရှိနိုင်တယ်။ ဒါပေမယ့် အလွန်အကျွံမဟုတ်ဘဲ သင့်တင်မျှတစွာ သုံးကြဖို့” ပုပ်က သတိပေးခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့အခုခရီးစဉ်ဟာ နှစ်ပေါင်း ၃၉ နှစ်အတွင်း ပုပ်ရဟန်းမင်းကြီးတပါး အိုင်ယာလန်ကို  ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ အိုင်ယာလန်မှာ ကတ်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ သတင်းတွေကြောင့် အိုယာလန်သား အတော်များများ ကတ်သလစ်ခရစ်ယာန်ဘာသာနဲ့ ဝေးသွားစေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up