ပုဒ် ၅၀၅(က)

March 30, 2021

စစ်ကိုင်းခရိုင်ထွေအုပ်ရုံး CDM ဝန်ထမ်း ၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး ပုဒ် ၅၀၅(က)ဖြင့် အမှုဖွင့်

စစ်ကိုင်းခရိုင်ထွေအုပ်ရုံးက လက်ထောက်ကွန်ပျူတာစာရေး CDM ဝန်ထမ်း   မနီလာဝင်းကို အကြမ်းဖက်စစ်တပ်က  မတ်လ ၂၉ ရက်နေ့ညက  ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပုဒ် ၅၀၅(က)နဲ့ အမှုဖွင့်လိုက်ပါတယ်။ 

မနီလာဝင်းရဲ့ မောင်ဖြစ်သူ ကိုညီအုပ်စိုးက “မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီချိန်က ကျနော်နဲ့ ကျနော့်အစ်မတို့ ဖမ်းဆီးခံရတယ်။  အမက အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ  CDM လုပ်တယ်။ ကျနော်တို့ အစ်မကို မတ်လ ၁၇ ရက်နေ့အလုပ်က နေထုတ်ပယ်ခဲ့တယ်”လို့ ပြောပါတယ်။ 

ကိုညီအုပ်စိုးဟာ မနေ့ကမှ အချုပ်ကနေ ခံဝန်နဲ့ ပြန်လွတ်လာတာဖြစ်ပြီး မနီလာဝင်း ကိုတော့ ပြန်လွှတ်မပေးဘဲ ပုဒ်မ  ပုဒ် ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

8 months Ago
Up