ပုဒ်မ၂ခုဖြင့်အမှုဖွင့်

May 1, 2021

မိုးကုတ်က CDM ဆရာမ၏ အမေနှင့်အစ်ကိုကို ပုဒ်မ ၂ ခု ဖြင့် အမှုဖွင့်

=မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရေပူရပ်မှာ CDM ဆရာမ တိမ်းရှောင်နေတာကြောင့် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ အမေနဲ့အစ်ကိုကို ပုဒ်မ ၅၀၅ (က) နဲ့ အပြင် အားပေးကူညီမှုနဲ့ပါ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။

ဆရာမရဲ့ မိခင်နဲ့အစ်ကိုဟာ အိမ်ဆိုင်မှာပဲနေပြီး ဘာအမှုမှမကျူးလွန်ပဲနဲ့ ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ခံရတာလို့ဆိုပါတယ်။

ဆရာမနဲ့ လူချင်းချိန်းမယ်လို့ ညှိခဲ့ကြပြီး ဆရာမကို ရှာမတွေ့တာကြောင့် အခုလို ဆရာမရဲ့ အမေနဲ့ အစ်ကိုကို ဖမ်းဆီးအမှုဖွင့်ထားတာဖြစ်ပါတယ်။

ဘားနဒ်မှာ တာဝန်ကျတဲ့ အလယ်တန်းပြ ဆရာမ ဒေါ်မေသူဇာလင်းဟာ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်မှုလုပ်ခဲ့တာဖြစ်ပြီး အခုအခါ ရှောင်တိမ်းနေရပါတယ်။

1 week Ago
Up