ပုဒ်မ ၆၆ ဃ ကို သရော်သည့် ကာတွန်းပြပွဲ ပြုလုပ်

May 28, 2017

ပုဒ်မ ၆၆ ဃ ကို သရော်သည့် ကာတွန်းပြပွဲ ပြုလုပ်

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃကို သရော်တဲ့ကာတွန်းပြပွဲကို မေ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက လှည်းတန်း ကုန်းတံတားအောက် ပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ကားတွန်းဆရာ ၂၂ ဦးရဲ့ ကာတွန်း ၃၀ ကို ပြသခဲ့ပါတယ်။ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးကို ယုံကြည်တဲ့အတွက် ကာတွန်းတွေကို ရေးဆွဲပြသရတာလို့ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က ပြောပါတယ်။ ကာတွန်းပြပွဲစီစဉ်သူ Generation Wave က ကိုမိုဃ်းသွေး ကလည်း ဒီမိုကရေစီခေတ်မှာ ပုဒ်မ ၆၆ ဃ မလိုအပ်တော့ဘူးလို့ ပြောပါတယ်။ ဇေယျာချမ်းအေး  
4 years Ago
Up