ပုဒ်မ ၅၉ (စ)

A d v e r t i s e m e n t With Us

July 20, 2019

ပုဒ်မ ၅၉ (စ)ကို ကာကွယ်စောင့်ရှောက်ရေးဟောပြောပွဲ လွိုင်ကော်တွင်ပြုလုပ် (ဓာတ်ပုံ)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)ကို ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲကို လွိုင်ကော်မြို့ရှိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုနင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီလူထုဟောပြောပွဲကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်တွေက ပါတီဝင်တွေအပါအ၀င် လူပေါင်း ထောင်ချီတက်ရောက်ခဲ့ပါတယ်။ ဒီလူထုဟောပြောပဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဥပဒေပြင်ဆင်ရေးပုဒ်မများ နှင့်အညီ ပြင်ဆင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်အားတိုင်းရင်းသားများမှ စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့်ရရှရေး၊ လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံ ဒို့မလက်မခံ စတာတွေအပါအ၀င် ကြွေးကြော်သံ ၅ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
2 years Ago

February 9, 2016

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အခြေခံဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စစ်တပ်ကိုယ်စားလှယ် ပြော (ရုပ်သံ)

ပုဒ်မ ၅၉ (စ)နဲ့ ပတ်သတ်ပြီး တပ်မတော်အကြီးအကဲက တိတိကျကျညွှန်ကြားထားတာ မရှိသလို အခြေခံဥပဒေအတိုင်းသာဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဒီဗွီဘီကိုပြောပါတယ်။ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်​မှာ မဟုတ်​သလို ဆိုင်းငံမှာလည်း မလုပ်​ဘူးလို့ မ​နေ့ပြီးသွားတဲ့ တပ်​မ​တော်​ ၄ လပတ်​အစည်းအ​ဝေးမှာ ဗိုလ်​ချပ်​မှူးကြီး မင်း​အောင်​လှိုင်​က ​ပြောတယ်​လို့ တပ်​မ​တော်​ထိပ်​တန်း​ခေါင်း​ဆောင်​​တွေနဲ့ အဆက်​အသွယ်​ ရှိနေတဲ့ လွှ​တ်​​တော်​​ကော်​မရှင်​ တခုရဲ့ တာဝန်​ရှိသူတဦးက​ ပြောပါတယ်။
5 years Ago
Up