ပုဂ္ဂ္ဂလိကကျောင်းဥပဒေ

June 23, 2018

ပုဂ္ဂ္ဂလိကကျောင်းဥပဒေ (မူကြမ်း) ပြန်ရေးဆွဲသင့်ဟု NNER ပြော

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုဂ္ဂ္ဂလိကကျောင်းဥပဒေ (မူကြမ်း) ဟာ ဒီမိုကရေစီနည်းလမ်း မကျသလို လူအခွင့်အရေးစံတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြန်လည်ရေးဆွဲသင့်တယ်လို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ဇွန် ၂၂ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ ပြုလုပ်တဲ့ ပုဂ္ဂလိက ပညာရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဥပဒေမူကြမ်း ဖြစ်ဖို့ဆိုရင် ပုဂ္ဂလိက ကျောင်းနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပုဂ္ဂလိကကျောင်း တည်ထောင်သူတွေ၊ ပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားနေတဲ့ ဆရာ ဆရာမတွေ၊ ပညာရှင်တွေအပါအဝင် ပညာရေးကို စိတ်ပါဝင်စားသူတွေက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာတွေ လုပ်ဆောင်ပြီးမှ မြန်မာနိုင်ငံနဲ့ကိုက်ညီမှုရှိတဲ့ ပုဂ္ဂလိကကျောင်းဥပဒေကို ရေးဆွဲသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာ ပညားရေးရည်မှန်းချက်မဟုတ်ဘဲ ပုဂ္ဂလိအကျိုးစီးပွားကိုသာ ရည်ညွှန်းထားသလို ဆရာဆရာမတွေကိုလည်ြး ပြစ်မှုပြစ်ဒဏ်တွေနဲ့ ချုပ်ကိုင်ထားတာတွေ ပါဝင်နေတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ဥပဒေကြမ်းပါ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် NNER အနေနဲ့ ပညာရေးဝန်ကြီးဌာနအပါအဝင် လွှတ်တော်ပညာရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
3 years Ago
Up