မက္ကစီကိုနိုင်ငံ မြို့တော်မက္ကစီကိုစီးတီးက လူမှုလုံခြုံရေးဌာန (IMSS)မှာ ရာနဲ့ချီတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ COVID-19 ရောဂါအရေးအတွက် ပူးပေါင်းကူညီလုပ်ဆောင်ဖို့ ဧပြီ ၁၃ ရက်က တန်းစီပြီးပြီး စောင့်ဆိုင်းနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကို ဖြေရှင်းဖို့ ပြည်ထောင်စု ကျန်းမာရေးစောင့်ရှောက်မှုဌာနက အရေးပေါ် အကူအညီတောင်းခဲ့တဲ့အတွက် ပြည်သူ့ဆေးရုံတွေနဲ့ ပုဂ္ဂလိကဆေးရုံတွေကပါ ပူးပေါင်းခဲ့တာပါ။
မက္ကဆီကို သမ္မတ အန်ဒရေမန်နျူယယ်လိုပဲ့ဇ်အိုဘရဒေါဟာ ပုဂ္ဂလိက ဆေးရုံပိုင်ရှင်တွေနဲ့ သဘောတူညီချက်တရပ်ကို ဧပြီ ၁၃ ရက်က လက်မှတ်ထိုးခဲ့ပါတယ်။
ဒါကတော့ ပြည်သူ့ကျန်းမာရေးအာမခံနဲ့ ဆေးကုခွင့်ရှိတဲ့ (IMSS) နဲ့ ချိတ်ဆက်ထားတဲ့ လူနာတွေကို ဆေးကုဖို့ မက္ကဆီနိုင်ငံတဝန်း ဆေးရုံ ၁၄၆ ရုံက ခုတင် ၃၂၀၀ ကို ကမ်းလှမ်းဖို့အတွက် ဖြစ်ပါတယ်။
ဧပြီ ၁၃ ရက်ထိ မက္ကစီကိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ၅၀၁၄ ယောက် ရှိပြီး ၃၃၂ ယောက် သေဆုံးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကူးစက်ခံဦးရေက အများကြီး ပိုများနိုင်တယ်လို့ ကျန်းမာရေးဒုဝန်ကြီးက အစိုးရ ကိန်းဂဏန်း နမူနာတွေကို ကိုးကားပြီး အသိအမှတ်ပြု ပြောဆိုပါတယ်။
ကူးစက်ခံ သံသယရှိသူ ၂၆,၅၀၀ ရှိနိုင်ပြီး အများစုက လက္ခဏာမပြခဲ့တာ ဖြစ်နိုင်တယ်လို့ ဒုဝန်ကြီးက ပြောထားပါတယ်။
11 months Ago