ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်မျာ

March 24, 2021

ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများ CDM လှုပ်ရှားမှုဆက်တိုက်ပွဲဝင်ရန် CRPH တိုက်တွန်း

ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေ၊ ဘဏ်ဝန်ထမ်းတွေအနေနဲ့ စစ်အာဏာရှင်တော်လှန်ရင်း နွေဦးလမ်းမများပေါ်မှာ ကျဆုံးသွားသူတွေ၊ စစ်အာဏာရှင်တွေရဲ့ အမိန့်ဖီဆန်ကြသူတွေနဲ့အတူ CDM လှုပ်ရှားမှုမှာ ဆက်လက်တိုက်ပွဲဝင်ကြဖို့ CRPH က ဒီကနေ့ရက်စွဲနဲ့ တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာလုယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး နိုင်ငံ့ဝန်ထမ်းနည်းတူ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေ၊ ဘဏ်ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့အာဏာဖီဆန်မှု လုပ်ငန်းစဉ် (CDM) မှာ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်သူတွေကို အသိအမှတ်ပြု လေးစားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံ့ဝန်ထမ်းပြည်သူတွေ (CDM) လှုပ်ရှားမှုကြောင့် နေအိမ်လိုင်းခန်းကနေ အတင်းအကျပ် ဖယ်ရှားနှင်ချခံရမှု၊ အကျပ်ကိုင်ခြိမ်းခြောက်ဖမ်းဆီးခံရမှု၊ အသက်အန္တရာယ်ထိပါးနေမှုများ ရှိနေသည့်တိုင်အောင် အကြမ်းဖက် စစ်အုပ်စုကို အညံ့မခံဘဲ ရဲဝံ့စွန့်စား စွာ မဆုတ်မနစ် အာခံတော်လှန်နေကြအချိန်မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေ၊ဘဏ်ဝန်ထမ်းအနေနဲ့ (CDM) လှုပ်ရှားမှု အရှိန်အဟုန်မပျက် ဆက်လက်ဖိအားပေးဆောင်ရွက်ပြဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

9 months Ago
Up