ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘုရား အနောက်တောင်ဘက် ဧရာဝတီ မြစ်ကျိုးအင်းအတွင်းမှာ အမျိုးသမီးအလောင်းတလောင်း ဒီနေ့မနက် ၈ နာရီလောက်က တွေ့ရှိခဲ့တယ်လို့ ပုဂံနယ်မြေ ရဲစခန်းက သိရပါတယ်။
သေဆုံးသူမှာ လေးဘက်နာရောဂါနဲ့ စိတ်ကယောင်ချောက်ချား ဖြစ်နေတာကြောင့် ညောင်ဦးဆေးရုံမှာ တက်ရောက်နေစဉ် ဆင်းခွင့်မရဘဲ ပျောက်ဆုံးသွားပြီးနောက် ဧရာဝတီမြစ်ကျိုးအင်းမှာ အလောင်း ပြန်တွေ့တာလို့ မောင်ဖြစ်သူက ပြောပါတယ်။
ပုဂံနယ်မြေ ရဲစခန်းက သက်သေတွေနဲ့ သေဆုံးသူရဲ့ ဆွေမျိုးတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)
2 years Ago