ပုဂံ စက်​ဘီစီးပြိုင်​ပွဲ

February 23, 2019

ပုဂံ စက်​ဘီစီးပြိုင်​ပွဲတွင် ​ရှေး​ပြေးဒိုင်​ ယာဉ်​​တိုက်​မှုကြောင့် ​​သေဆုံး

ညောင်​ဦးမြို့နယ်​ ပုဂံ​ဒေသမှ ဒီက​နေ့မနက်​က တာလွှတ်​ခဲ့​သော Road Race တာ​ဝေးစက်​ဘီးပြိုင်​ပွဲမှ ​ရှေး​ပြေးဒိုင်​ ယာဉ်​တိုက်​မှု​ကြောင့် ​သေဆုံးခဲ့တယ်​လို့ သိရပါတယ်​။ ​ညောင်​ဦး-မြင်းခြံ ကားလမ်း မိုင်​တိုင်​ (၁၆/၄) အနီးမှာ​ မြင်းခြံဘက်​ကနေ ​ညောင်​ဦးကို ​မောင်းနှင်​လာ​တဲ့ ISUZU အမျိုးအစား ၆ ဘီးယာဉ်​က ​ရှေ့ယာဉ်​အား ​ကျော်​တက်​စဉ်​ စက်​ဘီးပြိုင်​ပွဲ ရှေးပြေး ဒိုင်​ဖြစ်​သူ ကို​အောင်​မျိုးနိုင်​ရဲ့ ဆိုင်​ကယ်​နဲ့ တိုက်​မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ရှေ့ပြေးဒိုင်ဖြစ်သူ ကို​အောင်​မျိုးနိုင်​ ဒဏ်​ရာအပြင်းအထန် ရရှိခဲ့လို့ ပခုက္ကူ ​ဆေးရုံကိုအပို့ လမ်းမှာ​ ကွယ်​လွန်​သွားခဲ့တာပါ။ ကိုအောင်မျိုးနိုင်ရဲ့ ဆိုင်ကယ်နောက်​က လိုက်​ပါလာ​တဲ့ ဒိုင်​လူကြီး မသမုဒယလည်း မစိုးရိမ်​ရ ဒဏ်​ရာတွေရရှိခဲ့တယ်လို့ လက်​ပံ​ခြေ​ပေါ် ရဲစခန်းတာဝန်​ရှိသူတဦးက ပြောပါတယ်။ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး ISUZU ယာဉ်​​မောင်း ​နေထက်​လင်းကို ဥပဒေအရ အ​ရေးယူဖို့ ​ဆောက်​ရွက်​နေတယ်လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up