ပုဂံညောင်ဦး

A d v e r t i s e m e n t With Us

August 25, 2016

ငလျင်ကြောင့် ပုဂံညောင်ဦးဘုရားစေတီ ၁၈၅ ဆူ ပျက်စီး၊ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်နိုင်

မြန်မာနိုင်ငံအလယ်ပိုင်းမှာ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄ မိနစ်က လှုပ်ခတ်သွားတဲ့ ၆ ဒသမ ၈ ရစ်ခ်ျတာစကေး မြေငလျင်ကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ဘုရားစေတီ ၁၈၅ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျပြီး သစ်တပွေရပ်ကွက်မှာ လူ ၂ ဦး သေဆုံးခဲ့ပြီး ပခုက္ကူမြို့နယ်မှာ ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျလို့ လူ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိပြီး ကွန်းရွာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲငလျင်ငယ်တွေ ထပ်မံလှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့တဲ့ ဒေသတ၀ိုက်နဲ့ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ လူကယ်ပြန်ဌာနက သတိပေးနှိုးဆော်ထားပါတယ်။ ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီကျော်လောက်က မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။
5 years Ago
Up