ပုဂံမြို့သစ်

May 11, 2021

ပုဂံမြို့သစ်နေ ပြည်သူများအတွက် စေတနာရှင်များက အခြေခံစားသောက်ကုန်များ လှူဒါန်း

ပုဂံမြို့သစ် ကျန်စစ်သားရပ်ကွက်ရှိ အိမ်ထောင်စု ၂၁၅ ဦးစာအတွက် မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ    ပိုလျှံသူ စေတနာရှင်တွေက စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

လိုအပ်နေတဲ့ပြည်သူတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဟင်းချက်စရာတွေ လှူဒါန်းပေးခဲ့တယ်လို့  မြို့ခံတစ်ယောက်က ပြောပါတယ်။ ပုဂံမှာ အခုလိုလှူဒါန်းတာ  ခုတကြိမ်ပါနဲ့ဆိုရင်  စုစုပေါင်း ၅ ကြိမ်ရှိပြီလို့လည်း သိရပါတယ်။

7 months Ago
Up