ပုဂံဒေသ

March 7, 2021

ပုဂံဒေသတွင် စစ်တပ်နှင့်ရဲ ပစ်ခတ်မှုကြောင့် ၁ ဦး ဒဏ်ရာရပြီး ၆ ဦး ဖမ်းဆီးခံရ

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ယူနက်စကို အသိအမှတ်ပြု ပုဂံ‌ ရှေးဟောင်းယဥ်‌ကျေးမှု ဒေသရဲ့ ပုဂံမြို့သစ်ဈေးအနီးမှာ မတ် ၇ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုကြောင့် ၁ ဦး ဒဏ်ရာရပြီး ၆ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြသူတွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူလျှိုတယောက်ကို စစ်တပ်နဲ့ရဲက လာထုတ်ရာကနေ အခြေအနေတင်းမာပြီး ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

“အ‌ခြေအနေက အသက် ၁၇၊ ၁၈ အရွယ် လူငယ်တစ်ယောက်ထိထားတယ်။ ပါးကိုထိတာ မစိုးရိမ်ရ အနေအထား မဟုတ်ဘူး။ ၆ ယောက်လောက်လည်း အဖမ်းခံရတယ်။ မြို့သစ်ဈေးနာကနေ ရပ်ကွက်တွေအထိ ဝင်ပစ်တာ၊ ဒလံတစ်ယောက်ကို ပြည်သူက ဖမ်းမိတာ၊ ပြီးတော့ ဓမ္မာရုံမှာ ပိတ်ထားလိုက်တာ။ စစ်ကားကရောက်လာပြီး သူတို့လူကို သော့တွေ ရိုက်ချိုးပြီး ထုတ်သွားတယ်။”

စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ် အချက် ၃၀ ကျော်လောက်ပစ်ဖောက်ခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ သွားပြီးဖြေရှင်းတဲ့ ရပ်ကွက်က လူကြီးတွေ များတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

9 months Ago

June 30, 2020

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁ နှစ်ပြည့် အွန်လိုင်းဓာတ်ပုံပြပွဲ ကျင်းပမည်

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသ  ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းဝင်တဲ့ တနှစ်ပြည့်အထိမ်းအမှတ် အွန်လိုင်းဓာတ်ပုံပြပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပြပွဲကိုတော့ Bagan in Our Heart Facebook Page ကတဆင့် လာမယ့် ဇူလိုင် ၆ ရက်မှ  ၁၂ ရက်အထိ  ၇ ရက်ကြာကျင်းပမယ်လို့ ပြပွဲစီစဉ်သူတွေက ကြေညာထားပါတယ်။ ပုဂံဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ဇွန် ၃၀ ရက် မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့(UNESCO) ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဇူလိုင်လ ၆ ရက်နေ့မှာ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပျူမြို့ဟောင်း ၃ မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ မြို့ဟောင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၄  ဇွန် ၂၂ ရက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် သတ်မှတ်ခံရတာပါ။
1 year Ago
More News
Up