ပုဂံ

September 7, 2021

ပုဂံတွင် နှစ်ပေါင်း ၉၀၀ ခန့် သက်တမ်းရှိ အုတ်တိုက်အမှတ် ၁၃၁၅ ပြိုကျပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ အုတ်တိုက်အမှတ် ၁၃၁၅ ဟာ စက်တင်ဘာ ၆ ရက် ည ၇ နာရီခွဲက ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီ အုတ်တိုက်အမှတ် ၁၃၁၅ ဟာ နှစ်ပေါင်း ၉၀၀ လောက် သက်တမ်းရှိပြီး မိုးရွာသွန်းမှု များခဲ့လို့ ပြိုကျခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောပါတယ်။

အုတ်တိုက်အမှတ် ၁၃၁၅ ဟာ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါရွာ၊ ရွှေစေတီဘုရားရဲ့ အရှေ့ဘက် ပုဗ္ဗာရုံဗိမာန်ရဲ့  မြောက်ဘက်ရှိ အလျား ပေ ၂၀ ပေ ၊ အနံ ပေ  ၂၀ ၊ အမြင့် ပေ ၂၀ ရှိတဲ့ အုတ်တိုက်တစ်ခုဖြစ်ပါတယ်။  

အဲဒီအုတ်တိုက်ပြိုကျမှုမှာ အလျား ၁၅ ပေ၊ အမြင့် ၈ ပေ၊ ထု ၂ ပေ လောက် ပျက်စီးဆုံးရှုံးခဲ့ရာ မူလပုံစံအတိုင်း ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အ အမျိူးသားပြတိုက်ဦးစီးဌာနကနေ  သိရပါတယ်။

သြဂုတ် ၃၁ ရက်က ပုဂံ-ညောင်ဦးမြို့နယ် ဖွားစောကျေးရွာအုပ်စု၊ အနောက်ဖွားစောကျေးရွာရဲ့ အနောက်ဘက်မှာ  နှစ်ပေါင်း ၈၀၀ သက်တမ်းရှိ ဘုရားအမှတ် ၈၀၁ သံပျင်စွာဘုရားရဲ့ တောင်ဘက်နံရံ ပြိုကျခဲ့ပါတယ်။ 

Photo - ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန

2 months Ago

May 27, 2021

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့မှာ မေလ ၂၇ ရက် မနက်ပိုင်းက ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်တိုက်ပွဲမှာ ပါဝင်သူတစ်ဦးက “အကြမ်းဖက်စစ်သူပုန်တွေဟာ ဘာလက်နက်မှမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အပြစ်မဲ့ပြည်သူတွေကို နေ့စဉ် ရက်ရက်စက်စက် သတ်ဖြတ်နေတာကြောင့် သေမှာမကြောက်လို့ ပေတရာလျှောက်နေတဲ့ စိတ်ဓာတ်နဲ့ နေ့စဉ်တော်လှန်နေတာဖြစ်တယ်”လို့  ပြောပါတယ်။

ပုံဂံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေးအတွက် နေ့စဉ် တော်လှန်နေသလို စစ်ကျွန်ညာရေးစနစ်ဆန့်ကျင်ရေးအတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ သပိတ်မှောက်နေကြပါတယ်။

5 months Ago
More News
Up