ပုခက်ကို ခြေဖြင့်ပုတ်ပြီး ကလေးချော့သိပ်သည့် ခွေးကလေး

A d v e r t i s e m e n t With Us

March 18, 2016

ပုခက်ကို ခြေဖြင့်ပုတ်ပြီး ကလေးချော့သိပ်သည့် ခွေးကလေး (ရုပ်သံ)

အင်္ဂလန်နိုင်ငံ၊ အက်လ်စ်မဲယားမြို့က စနူပီအမည်ရတဲ့ ခွေးကလေးတကောင်ဟာ အံ့သြစရာ ကလေးထိန်းနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ချိုင်းနိစ်ခရက်စ်တက်ဒ်ပေါင်ဒါပပ်ဖ် အမျိုးအစား ခွေးကလေးဟာ ကလေးငယ်ကို ပုခက်ထဲထည့်ကာ ခြေထောက်နဲ့ပုတ်ပြီး ထိန်းကျောင်းခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ဟားရီးယက် အမည်ရတဲ့ ကလေးငယ်ဟာ ခွေးကလေးရဲ့ ထိန်းကျောင်းမှုအောက်မှာ သဘောတကျနဲ့ ရယ်သံတခစ်ခစ်ထွက်ကာ ပျော်ရွှင်နေခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မတ်လ ၁၅ ရက်နေ့မှာ ရိုက်ကူးခဲ့တာလို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။ စနူပီဟာ ဟားရီးယက် အိပ်ပျော်ချိန်ထိတိုင်အောင် ပုခက်ကို ခြေထောက်နဲ့လှုပ်ပြီး ချော့သိပ်ခဲ့တာလို့ သတင်းက ဆိုပါတယ်။
5 years Ago
Up