မျောက်တကောင်က အိပ်ဖို့အတွက် ပုခက်ကို ကိုယ်တိုင်ဆင်ပြီး အကျအန ဇိမ်ခံဖို့ ကြိုးစားတယ် ဆိုရင်တော့ ယုံနိုင်မှာလား။
အသက် ၁၄ နှစ်အရွယ် အော်ရန် အူတန် လူဝံမလေး နီမိုက နေ့လယ်ခင်းမှာ တရေးတမောအိပ်ဖို့ ကြိုးစားပါတယ်။
ဒီလိုအိပ်ရာမှာတော့ ကွန်ကရစ်အခင်းက သက်သောင့်သက်သာ အိပ်ဖို့ အဆင်မပြေလှပါဘူး။
ဒီအတွက် နီမိုက အခင်းလွှာကိုယူပြီး ပုခက်တခုကို ကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ နခွန်ရာချတ်ဇီးမား တိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုပ်သံအဖြစ် ရိုက်ယူထားကာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တာကို ထိုင်း ဘန်ကောက်ပို့စ် သတင်းဌာနက ထပ်မံ ဖော်ပြခဲ့ပါတယ်။
7 years Ago