ပီရူး ၃- ၄ ချီလီ ကမ္ဘာဖလား ခြေစစ်ပွဲ

A d v e r t i s e m e n t With Us

October 15, 2015

ပီရူး ၃- ၄ ချီလီ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ရုပ်သံ)

၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ အဖြစ် ပီရူးနိုင်ငံ လီမာမှာကစားတဲ့ပွဲမှာ ချီလီက ပီရူးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်း တိုက်စစ်မှူး ဆန်းချက်ဇ်က ပထမပိုင်း ၇ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ၁၀ မိနစ်မှာ ပီရူးက ချေပဂိုး ပြန်လည်သွင်းယူသွားပါတယ်။ ချေပဂိုးသွင်းပြီးတဲ့နောက် ပီရူးအသင်းကစားသမား တဦး အထုတ်ခံခဲ့ရတာဟာ ပွဲအဖြေကို ပြောင်းလဲသွားစေပါတယ်။ ၃၅ မိနစ်မှာ ပီရူး အသင်းက ပင်နယ်တီ ကနေ တဆင့် ဒုတိယဂိုးသွင်းယူပေမယ့် ၄၁ မိနစ်မှာ ချီလီအသင်းက ချေပဂိုး ပြန်သွင်းယူပါတယ်။ ၄၃ မိနစ်မှာ ဆန်းချက်ဇ်က ဂိုးထပ်မံသွင်းယူခဲ့လို့ ပထမပိုင်းအပြီး ချီလီက ၃ ဂိုး ၂ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ ချီလီအသင်းက တဂိုး ထပ်မံသွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ၉၂ မိနစ်မှာတော့ ပီရူးအသင်းက ထပ်မံဂိုးသွင်းယူသွားပါတယ်။ ၂ ဖက်အသင်းတွေ ဂိုးတွေ အပြန်အလှန်သွင်းယူခဲ့လို့ ကြည့်ကောင်းတဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ချီလီအသင်းက ဆန်းချက်ဇ် ခြေစွမ်းပြကစားသွားနိုင်ပါတယ်။
5 years Ago
Up