ပီရူး ဘာသာရေးပွဲတော်က မကြောက်မလန့် နွားရိုင်းနှင့်တိုက်ခိုက်သူများ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 31, 2016

ပီရူး ဘာသာရေးပွဲတော်က မကြောက်မလန့် နွားရိုင်းနှင့်တိုက်ခိုက်သူများ (ရုပ်သံ)

ပီရူးနိုင်ငံ အရာဂူချိုခရိုင်မှာ နှစ်စဉ် ကျင်းပတဲ့ ဘာသာရေးပွဲတော်တခုမှာ နွားရိုင်းအဝှေ့ခံရလို့ လူ ၉  ဦးဒဏ်ရရရှိသွားပါတယ်။ သြဂုတ် ၂၈ ရက်က ကျင်းပတဲ့ သူတော်စင် အင်နာကို ဂုဏ်ပြုတဲ့ ဘာသာရေး ပွဲတော်မှာ နွားရိုင်းလိုက်တာ ထွက်ပြေးတာကိုလည်း ရိုးရာအတိုင်း ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲတော်ရဲ့ အစီအစဉ်အရ ကြိုးချည်ထားတဲ့ နွားရိုင်းကို လမ်းပေါ် လွှတ်ထားပြီး လူတွေက ဒီကြိုးကို လိုက်ဖမ်းကာ  နွားရိုင်းကို ထိန်းချုပ်ရမှာလည်း ဖြစ်ပါတယ်။ တဦးတယောက်မှ သေဆုံးတာ မရှိဘူးလို့လည်း သတင်းတွေမှာ ရေးပါတယ်။ ဒီလို နွားရိုင်းလိုက်ပွဲတော် ကျင်းပပြီးရင်တော့ ဘာသာရေး ပွဲတော်ကို ဆက်လက် ကျင်းပကြတာလည်း ဖြစ်ပါတယ်။ ပီရူးမှာလည်း နွားရိုင်းနဲ့ တိုက်ခိုက်တဲ့ ပွဲတော်ဟာ တရားမ၀င်ဖြစ်ပြီး တိရစ္ဆာန်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ထားပါတယ်။
5 years Ago
Up