ပီရူးအသင်း

May 31, 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပီရူးအသင်း မိတ်ဆက်

ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ ၃၆ နှစ်ကြာ စောင့်ခဲ့ရတဲ့ ပီရူးအသင်း။ ဒီလို သမိုင်းဝင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ ပီရူးအသင်း ကျော်ဖြတ်ခဲ့ရတာက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ထိပ်တန်းအသင်းတွေရှိတဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ချီလီ၊ ပါရာဂွေး၊ အီကွေဒေါတို့ကို နောက်ကောက်ချပြီး Play Off အဆင့်မှာ သမုဒ္ဒရာပိုင်းဇုန်ချန်ပီယံ နယူးဇီလန်ကို နှစ်ကျော့ပေါင်း ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တာပါ။ နည်းပြနေရာမှာ အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ရီကာဒို ဂါရီကာက ၂၀၁၅ ခုနှစ် ကတည်းက တာဝန်ယူခဲ့တာပါ။ နည်းပြဖြစ်သူက တိုက်စစ်ကစားသမားတဦးပီပီ အသင်းကိုလည်း တိုက်စစ်အသားပေး တည်ဆောက်ထားပြီး ခြေစစ်ပွဲတလျှောက် ပွဲ ၂၀ ယှဉ်ပြိုင်ခဲ့ရာမှာ ၂၉ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ ပီရူးတိုက်စစ်က ထက်မြက်လှပါတယ်။ ဒါပေမယ့်လည်း ၂၆ ဂိုးအထိ ပြန်ပေးခဲ့ရတဲ့အတွက်တော့ ခံစစ်ပိုင်းကတော့ စိတ်မအေးစရာပါ။ ဥရောပနဲ့ တောင်အမေရိက ကလပ်တွေမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး နာမည်ကြီး ကစားသမား မပါပေမယ့် အသင်းတိုင်းကို အခက်တွေ့စေမယ့်ခြေစွမ်း ရှိပါတယ်။ လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၁ နေရာမှာရှိနေတဲ့ ပီရူးအသင်းဟာ အုပ်စုတွင်းမှာ ပြင်သစ်၊ သြစတြေးလျ၊ ဒိန်းမတ်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်တဆင့်တက်နိုင်ရေး ခြေကုန်ထုတ်ရုန်းရမယ့် အခြေအနေ ရှိနေပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမယ့် ဇွန် ၁၆ ရက်နေ့မှာ ဒိန်းမတ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပီရူးလက်ရွေးစင်အသင်း ပဏာမ ကစားသမားများ ဂိုး - ပက်ဒရို ဂါးလိစ်၊ ကားလို့စ် ကာဆီဒါ (ဗီရာခရုဇ်)၊ ဂျို့စ်ကာဗယ်လ်လို (Universidad Tecnica de Cajamarca) နောက်တန်း - လူးဝစ္စအေဘရမ် (ဗီလက်ဇ်ဆားစ်ဖီးလ်ဒ်)၊ လူးဝစ္စအတ်ဒ်ဗင်ကူလာ (ဘီယူအေပီ)၊ မီဂွယ်လ် အာရူဂျို (လီမာ)၊ အယ်လ်ဒို ကော်ဇို (Universitario de Deportes)၊ နီလ်စင် လွိုင်အိုလာ (မယ်လ်ဂါ)၊ ခရစ္စရှန် ရာမို့စ် (ဗီရာခရုစ်)၊ အယ်လ်ဘာတို ရိုဒရီဂွက်ဇ် (ဂျူနီယာ)၊ အန်ဒါဆန် ဆန်တာမာရီယာ (ပူးဘလား)၊ မီဂွယ်လ် ထရောင်ကို (ဖလာမင်ဂို) အလယ်တန်း - ပက်ဒရို အကွီနို (ဘီယူအေပီ)၊ ဝီလ်ဒါ ကာတာဂျီနာ (ဗီရာခရုစ်)၊ ခရစ္စရှန်ကူးဗား (ဆော်ပေါ်လို)၊ အက်ဒီစင် ဖလောရက်စ် (အေအေဘီ)၊ ပေါ်လို ဟာတာဒို (ဗစ်တိုးရီးယား ဒီ ဂွီမာရက်စ်)၊ ဆာဂျီယို ပီနာ (ဂရန်နာဒါ)၊ အန်ဒီ ပိုလို (ပို့တ်လန်း တင်းဘားစ်)၊ ရီနာတို တာပီယာ (ဖီယင်နု)၊ ယိုရှီမာ ဝိုတွန်း (အော်လန်ဒိုစီးတီး) ရှေ့တန်း - အန်ဒရေ ကာရီလို (ဝတ်ဖို့ဒ်)၊ ရောလ်ရီဒီယက်ဇ် (မိုရီလီယာ)၊ ဂျက်ဖာဆန် ဖာဖန် (လိုကိုမိုးတစ်မော်စကို)
4 years Ago
Up