ပီရူးအတိုက်အခံခေါင်းဆောင်တဦး၏

December 8, 2017

ပီရူးအတိုက်အခံခေါင်းဆောင်တဦး၏ ပါတီရုံး ၂ ခုကို ဝင်ရောက်ရှာဖွေ

ပီရူးသမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အတိုက်အခံခေါင်းဆောင်တဦးရဲ့ ပါတီရုံး နှစ်ရုံးကို ပီးရူးအစိုးရ ရှေ့နေချုပ်ရုံးက ဒီဇင်ဘာ ၇ ရက်မှာ ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ ပီရူးသမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ ကီကိုဖူဂျီမိုရီဟာ ငွေကြေးခဝါချမှု၊ လာဘ်စားမှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။ အတိုက်အခံပါတီခေါင်းဆောင် ကီကိုဖူဂျီမိုရီဟာ ၂၀၁၁ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ သုံးဖို့ ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီတခုဆီကနေ ငွေကြးရယူခဲ့တယ်လို့ စွပ်စွဲခံနေရသူလည်း ဖြစ်ပါတယ်။ ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီ အိုဒေဘရက်ခ်ဟာ ဆယ်နှစ်ကြာကာလအတွင်း ပီးရူးအစိုးရ တာဝန်ရှိသူတွေကို လာဘ်ငွေ အမေရိကန်ဒေါ်လာ ၂၉ သန်းပေးခဲ့တယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်က လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပီရူးအစိုးရရှေ့နေတွေဟာ ပီရူးသမ္မတဟောင်းတွေဖြစ်ကြတဲ့ တိုလယ်ဒိုနဲ့ အိုလန်တာ ဟူမာလာ တို့ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ ပီရူးသမ္မတဟောင်း အိုလန်တာ ဟူမာလာကို တရားမစီရင်မီ ဖမ်းဆီးထိန်းသိမ်းထားပြီး၊ နောက်သမ္မတဟောင်း တိုလယ်ဒိုကိုလည်း အမေရိကန်ကနေ ပီရူးနိုင်ငံကို လွှဲပြောင်းပေးဖို့ ပီးရူးအစိုးရက ကြိုးပမ်းနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up