ပီရူးသမ္မတဟောင်း

July 17, 2019

ပီရူးသမ္မတဟောင်း တိုလယ်ဒိုကို အမေရိကန်နိုင်ငံတွင် ဖမ်းဆီး

ပီရူးသမ္မတဟောင်း အလက်ဂျန်ဒရို တိုလယ်ဒိုကို တရားခံလွှဲပြောင်းရေးအမိန့်နဲ့ ဇူလိုင် ၁၆ ရက်က အမေရိကန်နိုင်ငံမှာ ဖမ်းဆီးလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပီရူး တရားရေးဝန်ကြီးက လာမယ့် သောကြာနေ့မှာ ဒီဖမ်းဝရမ်းကို  ပြင်ဆင်သွားဖို့ တရားရုံးကြားနာမယ်လို့ ပြောပါတယ်။ ပြီးရင် အာမခံကြားနာမှု လုပ်ပြီး တရားသူကြီးက  အာမခံပေး၊ မပေး ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။ ပီရူးသမ္မတအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အကြား တာဝန်ထမ်းခဲ့တဲ့ တိုလယ်ဒိုဟာ ဘရာဇီး အော်ဒီဘရက်ခ်ျ ကုမ္ပဏီထံကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်နေတာပါ။ အသက် ၇၃ နှစ်အရွယ် သမ္မတဟောင်း တိုလယ်ဒိုက အဲဒီစွပ်စွဲချက်တွေကို ထပ်တလဲလဲ ငြင်းထားပါတယ်။ လွန်ခဲ့တဲ့တနှစ်က ပီရူးအစိုးရဟာ သမ္မတဟောင်း တိုလယ်ဒိုကို ပြန်လွှဲပေးဖို့ အမေရိကန် အစိုးရထံ တရားဝင် တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

April 18, 2019

လာဘ်ပေးလာဘ်ယူမှုဖြင့် စွပ်စွဲခံနေရသည့် ပီရူးသမ္မတဟောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေ

အိုဒီးဘရက်ခ်ျ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံနဲ့ စွပ်စွဲခံနေရတဲ့ ပီရူးသမ္မတဟောင်း အလန်ဂါစီယာဟာ ဧပြီ ၁၇ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားပါတယ်။ အဲဒီအရှုပ်တော်ပုံနဲ့ သူ့ကို လာရောက်ဖမ်းဆီးတဲ့ ရဲတွေကို စောင့်ခိုင်းပြီးနောက် သမ္မတဟောင်း ဂါစီယာဟာ အခန်းတခုထဲ ဝင်ရောက်ပြီး အဆုံးစီရင်သွားခဲ့တာပါ။ အသက် ၆၉ နှစ်အရွယ် သမ္မတဟောင်း ဂါစီယာ ကွယ်လွန်တဲ့သတင်းကို လက်ရှိသမ္မတ မာတင် ဗစ်ဇ်ကာရာက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂါစီယာဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အိုဒီးဘရက်ခ်ျထံကနေ လာဘ်ငွေရယူခဲ့တယ်လို့ စွပ်စွဲခံရပြီး အဲဒီစွပ်စွဲချက်တွေကို သူက ငြင်းဆိုထားပါတယ်။ အလန် ဂါစီယာဟာ ပီရူးသမ္မတအဖြစ် ၁၉၈၅ ကနေ ၁၉၉၀ အထိ တကြိမ်၊ ၂၀၀၆ ကနေ ၂၀၁၁ အထိ တကြိမ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
More News
Up