ပီရူးသမ္မတ

May 30, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဆို အတည်မပြုပါက အောက်လွှတ်တော်ကို ဖျက်သိမ်းမည်ဟု ပီရူးသမ္မတ ခြိမ်းခြောက်

ပီရူးသမ္မတ မာတင် ဗစ်ဇ်ကာရာက သူ့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆိုပြုချက်တွေကို အောက်လွှတ်တော်က အတည်ပြုမပေးရင် အောက်လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ မေလ ၂၉ ရက်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒါကြောင့် လက်တင်အမေရိက ဒေသတွင်း စီးပွားရေး အကြံ့ခိုင်ဆုံး ပီရူးနိုင်ငံမှာ အတိုက်အခံတွေနဲ့ အာဏာလွန်ဆွဲပွဲ လှုပ်ခတ်မှု တိုးခဲ့ပါတယ်။ တကယ်လို့ အောက်လွှတ်တော်က အစိုးရကိုဆန့်ကျင်ပြီး မဲပေးရင် အခြေခံဥပဒေအရ သမ္မတဟာ လွှတ်တော်ရွေးကောက်ပွဲအသစ် ခေါ်ယူခွင့်ရှိပါတယ်။ အဂတိလိုက်စားမှု အဆုံးသတ်ရေး သူအဆိုပြုထားတဲ့ မူဝါဒတွေဟာ သူ့အစိုးရရဲ့ အချက်အချာ အစိတ်အပိုင်း ဖြစ်တယ်၊ လွှတ်တော်အမတ်တွေက သူတို့လမ်းကြောင်းကို ထပ်ခါတလဲလဲ နှောင့်ယှက်နေတယ်လို့ ဗစ်ဇ်ကာရာက ပြောပါတယ်။ တကယ်လို့ အောက်လွှတ်တော်က ပြုပြင်ပြောင်းလဲရေးတွေအပေါ် အယုံအကြည်မရှိ အဆိုကို မဲပေးခဲ့ရင် လွှတ်တော်ရွေးကောက်ပွဲအသစ်ကို ဒီနှစ်အစောပိုင်းမှာ ကျင်းပနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
2 years Ago

April 20, 2019

ပီရူးသမ္မတဟောင်းကို ထောင် ၃ နှစ်ချမှတ်

ဘရာဇီး  အိုဒီဘရက်ခ်ျကုမ္ပဏီဆီက လာဘ်ယူခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ ပီရူးသမ္မတဟောင်း ပတ်ဘလိုကူချန်စကီကို ပီရူးတရားရုံးက ဧပြီလ ၁၉ ရက်မှာ  ထောင် ၃ နှစ် ချမှတ်လို့က်ပါတယ်။ အိုဒီဘရက်ခ်ျကုမ္ပဏီနဲ့ ပတ်သက်ပြီး  သမ္မတဟောင်း တဦးဖြစ်တဲ့ အလန်ဂါစီယာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး နှစ်ရက်အကြာမှာ တရားသူကြီးရဲ့ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာပါ။ အသက် ၈၀ အရွယ် သမ္မတဟောင်း ကူချန်စကီကတော့ ကုမ္ပဏီဆီက လာဘ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သမ္မတဟောင်း ကူချန်စကီဟာ ဒေသဆေးရုံတခုမှာ ဆေးကုသနေတာကြောင့် တရားသူကြီး ကြားနာတာကို မတက်ရောက်ခဲ့ပါဘူး။ သမ္မတဟောင်း ဂါစီယာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီးနောက် ကူချန်စကီရဲ့ ရှေ့နေက ကူချန်စကီကို ထောင်ချမယ့်အစား နေအိမ်အကျယ်ချုပ်ချပေးဖို့ အစိုးရရှေ့နေထံ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေက ကူချန်စကီရဲ့ ကျန်းမာရေးကို ထောင်ထဲမှာ အခက်အခဲမရှိ ကုသနိုင်မယ်လို့ပြောခဲ့ပြီး တရားသူကြီးကလည်း တရားစီရင်မှု မတိုင်မီ ထောင် ၃ နှစ် ချမှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ ပီရူးသမ္မတဟောင်း ၄ ယောက်နဲ့ အတိုက်အခံ ခေါင်းဆောင်တို့ဟာ အိုဒီဘရက်ချ်ျ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ပတ်သက်လို့ တရားစီရင်မှု မတိုင်မီ အကျဥ်းချမိန့် ချမှတ်ခံရပြီး အဲဒီ ကုမ္ပဏီကလည်း  ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ ပီရူးနိုင်ငံရေး သမားတွေကို အမေရိကန်ဒေါ်လာ သန်း ၃၀ လာဘ်ပေးခဲ့တယ်ဆိုပြီး ၀န်ခံထားပါတယ်။
2 years Ago
More News
Up